Wednesday, March 4, 2026
spot_img
spot_img

ဝက်စ်ဟမ်းမန်နေဂျာရာထူးကို အရယူရန် ဘန်နီတက်ဇ် စောင့်ဆိုင်းနေ

လာမည့်စနေနေ့တွင် ဖောရက်စ်အသင်းနှင့်ကစားမည့်ပွဲတွင် ဝက်စ်ဟမ်းအသင်းကို မိုယေးစ်က ကိုင်တွယ်ခွင့်ရမည်မှာ သေချာနေသော်လည်းနောက်ပိုင်းတွင် မိုယေးစ်ကို အလုပ်ထုတ်ရန် အသင်းတာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ပါက ဘန်နီတက်ဇ်သည် ဝက်စ်ဟမ်းအသင်းမန်နေဂျာရာထူးကို အရယူရန် စောင့်ဆိုင်းနေကြောင်း ဗြိတိန်မီဒီယာများက သတင်းဖော်ပြသည်။

ဝက်စ်ဟမ်းအသင်းပရိသတ်များက မိုယေးစ်ကို အလုပ်မှ ထုတ်ပယ်ရန် တောင်းဆိုနေကြပြီး ဖောရက်စ်ကို အိမ်ကွင်းတွင်လက်ခံကစားရသည့်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက မိုယေးစ်သည် အလုပ်ထုတ်ခံရရန်အလားအလာများနေသည်။

ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူများသည် မိုယေးစ်ကို အလုပ်မှ ထုတ်ပယ်ခဲ့ပါက မည်သူ့ကို ခန့်အပ်တာဝန်ပေးရမည်လည်း ဆိုသည်ကို ကွဲကွဲပြားပြားဆုံးဖြတ်ရခြင်းမရှိသေးကြောင်း ပိုချက်တီနိုနှင့် တူချယ်တို့ကိုလည်း စဉ်းစားနေကြောင်း အသင်းအတွက်မိုယေးစ်ထက်ပိုကောင်းမည့် မန်နေဂျာတစ်ဦးကို အလုပ်ခန့်ရန်သာ ရည်ရွယ်ထားနေကြောင်း သတင်းများက ဆက်လက်ဖော်ပြသည်။

ထိုသို့မည်သည့်မန်နေဂျာကို ခန့်အပ်ရန် ဆုံးဖြတ်ရခြင်းမရှိသေးခြင်းကြောင့်သာ မိုယေးစ်သည် မန်နေဂျာရာထူးတည်မြဲနေခြင်းဖြစ်ကြောင်းလည်း မီဒီယာများက သုံးသပ်ဖော်ပြသည်။ လီဗာပူးနှင့် အဲဗာတန်အသင်းတို့ကို ကိုင်တွယ်ခဲ့သော ဘန်နီတက်ဇ်က ဝက်စ်ဟမ်းကို တာဝန်ယူရန် စိတ်ဝင်စာနေပြီး ဘန်နီတက်ဇ်ဘက်က ကာလရှည်စာချုပ်ကို ချုပ်ဆိုလိုသော်လည်း ဝက်စ်ဟမ်းကမူ မည်သူကို မန်နေဂျာအဖြစ် ခန့်အပ်သည်ဖြစ်ပါစေ ကာလတို စာချုပ်တစ်ခုဖြင့်သာ ခန့်အပ်လိုကြောင်း ဗြိတိန်သတင်းစာများက ဆက်လက်ဖော်ပြသည်။ ဝက်စ်ဟမ်းသည် လက်ရှိအချိန်တွင် ၂၃ ပွဲကစားအမှတ် ၂၀ ဖြင့်အဆင့် ၁၈ နေရာတွင် ရပ်တည်နေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments