Tuesday, October 28, 2025
spot_img
spot_img

လော်တာရိုမာတီနက်ဇ်အား စာချုပ်သစ်ချုပ်ဆိုရန် အလုံးစုံသဘောတူညီမှုရခဲ့ပြီဟု အင်တာမီလန်ဥက္ကဋ္ဌ မာရော့တာဆိုခဲ့ပြီး မကြာခင်လက်မှတ်ရေးထိုးမည်ဟု ပြောကြား

အင်တာမီလန်အသင်း ဥက္ကဋ္ဌဖြစ်သူ မာရော့တာက အသင်း၏အဓိကတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် အလုံးစုံသဘောတူညီမှုရခဲ့ပြီး၊ မကြာမီအချိန်အတွင်း တရားဝင်လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း အီတလီအားကစားသတင်းထောက် ဖာဘရီဇီယိုရိုမာနို၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

အသက် (၂၆)နှစ်အရွယ်ရှိ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသော်လည်း ဥရောပထိပ်တန်းကလပ်အသင်းများ၏ ပစ်မှတ်ထားခြင်းခံနေရသလို၊ အင်တာမီလန်အသင်း၏ ပိုင်ရှင်အပြောင်းအလဲနှင့် ဘဏ္ဍာရေး အခြေအနေများကြောင့် အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ် ခဲ့သူဖြစ်သည်။

ယင်းသတင်းများနှင့်ပတ်သက်ပြီး အင်တာမီလန်အသင်းက ၎င်းတို့၏အဓိက ကစားသမားအား အလွယ်တကူလက်လွှတ်သွားမည်မဟုတ်ကြောင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် အလုံးစုံသဘော တူညီမှုရခဲ့ပြီဖြစ်ကြောင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

မာတီနက်ဇ်နှင့်ပတ်သက်၍ မာရော့တာက “ဟုတ်ပါတယ်။ သူ (လော်တာရိုမာတီနက်ဇ်)နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အလုံးစုံသဘောတူညီမှုရရှိခဲ့ပါပြီ။ မကြာခင်အချိန်အတွင်း အမှန်တကယ်လက်မှတ်ရေးထိုးတော့မှာပါ။ သူဟာ အသင်းရဲ့ အဓိကကစားသမားတစ်ဦးပါပဲ” ဟု ပြောကြားခဲ့သည်။

ထို့ပြင်လော်တာရိုမာတီနက်ဇ်ကိုယ်တိုင်ကလည်း အင်တာမီလန်အသင်းတွင်သာ ဆက်နေရန်ဆန္ဒရှိနေပြီး လက်ရှိတွင် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ ယှဉ်ပြိုင်ရန်အတွက် အာဂျင်တီးနားအသင်းနှင့် သွားရောက်ပူးပေါင်းလျက်ရှိကြောင်း သိရသည်။

မာတီနက်ဇ်သည် အင်တာမီလန်အသင်းအတွက် (၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၈၂)ပွဲကစားရာတွင် (၁၂၉)ဂိုးသွင်းယူပေးခဲ့ပြီး စီးရီးအေ ချန်ပီယံဆု (၂)ကြိမ်အပါအဝင် ဆုဖလား (၇)လုံး ရယူနိုင်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments