Monday, November 10, 2025
spot_img
spot_img

လူကာကူ ဘယ်လ်ဂျီယမ် အသင်းခေါင်းဆောင် ဖြစ်လာပြီးနောက် ထရိန်နင် camp က ထွက်သွားခဲ့ခြင်း အပေါ် တုန့်ပြန်ဖြေရှင်းသွားတဲ့ ကော်တွိုက်စ်

ဘယ်လ်ဂျီယမ် လက်ရွေးစင် ဂိုးသမား သီဘောက် ကော်တွိုက်စ်ဟာ ပြီးခဲ့တဲ့ သြစတြီးယားနဲ့ တဖက် တဂိုးစီ သရေကျခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စုအဆင့် ခြေစစ်ပွဲ အပြီး လက်ရွေးစင် ထရိန်နင် camp ကနေ ထွက်ခွာသွားခဲ့ပြီး ဒါဟာ အသင်းဖော် တိုက်စစ်မှူး ရိုမီလူ လူကာကူ လက်ရွေးစင် အသင်းခေါင်းဆောင် ဖြစ်လာတာနဲ့ ဆက်စပ်တယ်လို့ ယူဆမှုတွေ ရှိခဲ့ပါတယ် ။

ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တွိုက်စ်ဟာ လူကာကူ အသင်းခေါင်းဆောင် ဖြစ်လာတာနဲ့ ပတ်သက်ပြီး သူ့ကို တိုက်ခိုက်သလို ခံစားရလို့ လေ့ကျင့်ရေး camp က ထွက်သွားတာ ဖြစ်ကြောင်း ဘယ်လ်ဂျီယမ် လက်ရွေးစင် နည်းပြ ခွန်မန်နီကို တီဒက်စ်ကိုက ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ် ။

လူကာကူဟာ ဒဏ်ရာရနေတဲ့ မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းကြောင့် ယာယီ လက်ရွေးစင် အသင်းခေါင်းဆောင် ဖြစ်လာပါတယ် ။ သို့ပေမယ့် ကော်တွိုက်စ်ကတော့ တီဒက်စ်ကိုရဲ့ သတင်းစာ ရှင်းလင်းပွဲမှ ဖြေရှင်းချက်ဟာ မှားယွင်းတဲ့ အကြောင်း statement နဲ့ တကွ အခုလိုပဲ တုန့်ပြန်လာပါတယ် ။

ကော်တွိုက်စ် က ” ဒီနေ့ နေ့လယ်ကပဲ နည်းပြရဲ့ သတင်းစာ ရှင်းလင်းပွဲကနေ သြစတြီးယားနဲ့ ပွဲအပြီး ကျွန်တော်တို့ ၂ယောက် အကြား စကားစမြည်ပြောခဲ့တဲ့ အကြောင်းအရာ တစိတ်တပိုင်း သူ ထုတ်ပြောလာခဲ့တာကို ကျွန်တော် ကြားခဲ့ရပါတယ် ။ ”

” ကျွန်တော် ရှင်းရှင်းပြောချင်တာက အခုလို အဝတ်လဲခန်းနဲ့ ဆက်စပ်တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး နည်းပြ ဖြစ်သူနဲ့ ဆွေးနွေး ညှိနှိုင်းတာဟာ ဒါက ပထမဆုံး အကြိမ် မဟုတ်သလို နောက်ဆုံး အကြိမ်လည်း မဟုတ်ပါဘူး ။ ဒါပေမယ့် တစုံတယောက်က ဒါကို လူမြင်ကွင်းမှာ ထုတ်ပြောတာကို ကြားရတာကတော့ ပထမဆုံး အကြိမ်ပါပဲ ။ ”

” ကျွန်တော် ဒီအတွက် အကြီးအကျယ် စိတ်ပျက်ရပါတယ် ။ ဒါပေမယ့် ကျွန်တော် ရှင်းချင်တာက နည်းပြရဲ့ သုံးသပ်ပုံဟာ တကယ့်ဖြစ်ရပ်နဲ့ ကိုက်ညီမှု မရှိဘူး ဆိုတာပါပဲ ။ ကျွန်တော်တို့ ၂ယောက် ဆွေးနွေးခဲ့တဲ့ အထဲမှာ ဒီလို အခြေအနေမျိုးမှာ ဒီလို ဆုံးဖြတ်ချက်မျိုး ချစရာမလိုပဲ ပြဿနာတွေ ရှောင်လွှဲရင်း ၊ အသင်း ကောင်းကျိုး အတွက် အမြဲတမ်း ရှာလို့ ရတဲ့ အကြောင်း ပြောခဲ့တာပါ ။ ”

” လက်ရွေးစင် အသင်းခေါင်းဆောင် ဖြစ်ဖို့ မဖြစ်ဖို့ ဆိုတာ ပြီးစလွယ် ဒါမှမဟုတ် ပေါက်ကရ ဆုံးဖြတ်ချက်မျိုး မဟုတ်ပါဘူး ။ ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်စစ်စစ် ဖြစ်သင့်ပါတယ် ။ ဒီအကြောင်း ကျွန်တော် သူ့ကို အသိပေးဖို့ ကြိုးစားခဲ့တာပါ ။ ကံမကောင်းစွာနဲ့ ကျွန်တော် ပေးချင်တဲ့ မက်ဆေ့ခ်ျက မရောက်သလို ဖြစ်သွားခဲ့ပါတယ် ။ ”

” ဒီကိစ္စမှာ ကျွန်တော့ဖက်က တစုံတရာ တောင်းဆိုတာမျိုး မရှိတဲ့ အကြောင်း ၊ ကျွန်တော့ အသင်းဖော် ရိုမီလူ လူကာကူကို ဒီအခြေအနေနဲ့ ဆက်စပ်ပြီး တစုံတခု ပြောဆိုခဲ့ခြင်း မရှိကြောင်း အာမခံပါတယ် ။ အခြား အသင်းဖော်တွေနဲ့လည်း ဒီလို ကိစ္စမျိုး ဆွေးနွေးမှု လုံးဝ်မရှိကြောင်း တဆက်တည်း ကျွန်တော် ရှင်းလင်းလိုပါတယ် ။ ”

” ထပ်ပြီး ရှင်းရရင် ကျွန်တော်ဟာ မနေ့နေ့လယ်က ညာဖက်ဒူး အတွက် ဆေးစစ်မှု သွားလုပ်ခဲ့တာပါ ။ အဲဒီအချိန် ကျွန်တော့ ကလပ်နဲ့ နိုင်ငံအသင်းက ဆေးအဖွဲ့တွေနဲ့ ချိတ်ဆက်မှု ရှိခဲ့ပြီး ၊ ထရိန်နင် Camp ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို သေသေချာချာ စိစစ်ပြီးမှ ချခဲ့တာပါ ။ ” လို့ ဖြေရှင်းသွားပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments