Wednesday, March 4, 2026
spot_img
spot_img

လီဗာပူး Vs မန်ယူနိုက်တက်?? ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ခန့်မှန်းလိုက်တဲ့ လော်ရိုး

ဒီတစ်ပတ်မှာတော့ ပြီးခဲ့တဲ့ အပတ်က ကာရာဘောင်ဖလား ဖိုင်နယ် ကစားခဲ့တဲ့ အသင်း ၂ သင်းဟာ ပွဲကြီးပွဲကောင်းတွေကို ကစားသွားရမှာ ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ အီတီဟတ်မှာ မန်စီးတီးကို သွားရောက် ရင်ဆိ်ုင်ရမယ့် အပြင် ကာရာဘောင်ဖလား ချန်ပီယံ မန်ယူနိုက်တက် ကလည်း အန်ဖီးမှာ လီဗာပူးကို သွားကစားရမှာ ဖြစ်ပါတယ်။ လော်ရိုးက ဒီတစ်ပတ်ပွဲစဉ်တွေ အတွက် သူ့ရဲ့ ခန့်မှန်းချက်ကို ချပြသွားခဲ့ပါတယ်။

၁~ မန်စီးတီး vs နယူးကာဆယ်
နယူးကာဆယ်ဟာ ကာရာဘောင်ဖလားဖိုင်နယ်မှာ အကောင်းဆုံး ပုံစံ မရှိခဲ့ပါဘူး။ မန်ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရသွားပြီးနောက် သူတို့ဟာ တစ်ဖြည်းဖြည်း ပျောက်ဆုံးသွားခဲ့ပါတယ်။ ရိုးရိုးသားသား ပြောရရင် သူတို့ နောက်ဆုံး ဖလားရခဲ့တာကို ကျနော် မှတ်တောင် မမှတ်မိတော့ပါဘူး။ ဒီပွဲစဉ်မှာတော့ ကျနော် မန်စီးတီးကို ရွေးသွားမှာပါ။ ဒါပေမယ့် စီးတီးအတွက် လွယ်ကူမယ့် နိ်ုင်ပွဲတော့ မဟုတ်ပါဘူး။ နယူးကာဆယ်ဟာ ခံစစ်ပိုင်း တအားကောင်းလို့ပါ။ ဒါပေမယ့် သူတို့ဟာ အခြား တစ်ဖက်မှာတော့ စီးတီးကိုပြသနာတွေ ပေးနိ်ုင်မယ်လို့ ကျနော် သိပ်မထင်မိပါဘူး။

ခန့်မှန်းချက် : မန်စီးတီး ၂-၀ နယူးကာဆယ်

၂~အာဆင်နယ် vs ဘုန်းမောက်
ဒါဟာ ခန့်မှန်းရတာ ရိုးရှင်းလှပါတယ်။ အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့က အဲဗာတန်ကို ခြေစွမ်းပြ အနိုင်ရခဲ့ပါတယ်။ ဘုန်းမောက်ကတော့ ရုန်းကန်နေရဆဲ ဖြစ်ပြီး ဇယားအောက်ခြေကို ရောက်ရန် အန္တရာယ် ရှိနေပါတယ်။ ကြည့်ရတာ အာဆင်နယ်ရဲ့ နောက်ပိုင်း ရလဒ် ယိမ်းယိ်ုင်မှုက ပြီးဆုံးသွားမယ့် ပုံစံပါပဲ။

ခန့်မှန်းချက် : အာဆင်နယ် ၂-၀ ဘုန်းမောက်

၃~ချဲလ်ဆီး vs လိဒ်
ဂရေဟမ်ပေါ်တာဟာ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေအောက် ကျရောက်နေပေမယ့် ဒီအသင်းမှာ ဂိုးသွင်းပေးနိုင်မယ့် တိုက်စစ်မှုး မရှိတော့ ဘယ်လို လုပ်သွားရမှာလဲ? သူဟာ အစွမ်းကုန် ကြိုးစားနေပါတယ်။ ဒါပေမယ့် လိဒ်ဟာ ဂျာဗီဂါစီယာရဲ့ လက်အောက်မှာ တည်ငြိမ်မှု ရှိလာခဲ့ပေမယ့် နေရာစုံ ပြေးလွှား ကစားနေတုန်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အနည်းငယ်တော့ တွေးကစားတက်လာပါတယ်။ ကျနော် ကတော့ လိဒ်ဟာ ဒီပွဲကို သရေဆိုရင် ကျေကျေနပ်နပ် ရယူသွားမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ပေါ်တာရဲ့ပြသနာတွေကိုတော့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

ခန့်မှန်းချက် : ချဲလ်ဆီး ၁-၁ လိဒ်

၄~ဝုဖ် vs တော့တင်ဟမ်
ဝုဖ်ဟာ ကြားရက်က လီဗာပူးကို ကောင်းစွာ မတုန့်ပြန်နိုင်ခဲ့ပါဘူး။ တော့တင်ဟမ် ကတော့ အက်ဖ်အေဖလားမှာ သူတို့ရဲ့ ပုံစံအတိုင်းပဲ ရှက်ဖီးယူနိုက်တက်ကို ရှုံးကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ သူတို့ဟာ ဒီပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ ရှိနေသင့်ပါတယ်။ ဘာ့ကြောင့် သူတို့ ဒီလို ဖြစ်နေသလဲဆိုတာ ကျနော်လည်း မသိပါဘူး။ သူတို့ဟာ လိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရခြ့ပါတယ်။ အဲဒီနောက် ဒီလိုမျိုး ဖြစ်ခဲ့ပြန်ပါတယ်။ ကျနော် ကတော့ ဒီပွဲမှာ တော့တင်ဟမ် အနိ်ုင်ရသွားမယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ လုပ်နေကြပုံစံအတိုင်းပေါ့။

ခန့်မှန်းချက် : ဝုဖ် ၀-၂ တော့တင်ဟမ်

၅~လီဗာပူး vs မန်ယူနိုက်တက်
ကျနော် လီဗာပူး vs ဝုဖ် ပွဲစဉ်ကို ကြည့်ဖြစ်ခြ့ပါတယ်။ လူတိုင်းဟာ မန်ယူနိုက်တက်နဲ့ ကစားရမယ့် ပွဲစဉ်အကြောင်းပဲ ပြောနေကြပါတယ်။ ကျနော် ကတော့ ဒီပွဲမှာ လီဗာပူးဘက်မှာ အနည်းငယ် ရှိနေပါတယ်။ သူတို့ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ clean sheet တွေ ရနေကာ တစ်ဖြည်းဖြည်းနဲ့ ကောင်းလာခဲ့ပါတယ်။ ဒါဟာ လီဗာပူးတို့ အပြင်းအထန် တိုက်ပွဲ၀င်ကစားသွားမယ့် ပွဲစဉ်တွေထဲက တစ်ပွဲ ဖြစ်ပါတယ်။ ဒိုင်လူကြီးကောင်းကောင်းတော့ လိုအပ်မှာပါ။ ဘာလို့လဲဆိုတော့ ခပ်ကြမ်းကြမ်း ကစားမှုတွေကို နေရာတိုင်းမှာ မြင်တွေ့ရမှာ မို့လို့ပါ။

ခန့်မှန်းချက် : လီဗာပူး ၂-၁ မန်ယူနိုက်တက်

အခြားပွဲစဉ်တွေ အတွက် ခန့်မှန်းချက်
အက်စတွန်ဗီလာ ၂-၀ ပဲလေ့စ်
ဘရိုက်တန် ၀-၂ ၀က်ဟမ်း
ဆောက်သမ်တန် ၁-၀ လက်စတာ
နော့တင်ဟမ်ဖောရက်စ် ၀-၁ အဲဗာတန်
ဘရန့်ဖို့ဒ် ၁-၁ ဖူဟမ်

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments