Friday, January 16, 2026
spot_img
spot_img

လီဗာပူးအသင်းအတွက် အာနိုးလ် ကစားရမယ့်နေရာကို သတ်မှတ်လိုက်တဲ့ အန်းစလော့

လီဗာပူးနည်းပြသစ် အန်းစလော့က ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင် အာနိုးလ်ရဲ့အကောင်းဆုံးနေရာနဲ့ပတ်သက်လို့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အန်းစလော့က အန်ဖီးလ်မှာ ကိုးနှစ်ကြာ တာဝန်ယူပြီးနောက် ရာထူးမှထွက်ခွာသွားတဲ့ ယာဂန်ကလော့ပ်ရဲ့ အရိုက်အရာကို ခံယူရင်း အခုရာသီ၊ အသင်းရဲ့အရန်ခုံတန်းဆီ ဝင်ရောက်လာပါတယ်။ ဒါပေမယ့် လက်ရှိလီဗာပူးအသင်းက အခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူခြင်းမရှိတဲ့ တစ်ခုတည်းသောပရီးမီးယားလိဂ်ကလပ်အသင်း ဖြစ်နေဆဲပါပဲ။

Arne Slot


အထူးသဖြင့် ဗဟိုကွင်းလယ်လူတစ်ဦးခေါ်ယူဖို့ မာဆေးဆိုဒ်ကလပ်ဘက်က ကြိုးစားခဲ့ပေမယ့် ရီးရဲလ်ဆိုစီဒက်ကွင်းလယ်လူဇူဘီမန်ဒီရဲ့ငြင်းပယ်မှုနဲ့အတူ အောင်မြင်မှုမရရှိခဲ့ပါဘူး။ လတ်တလောမှာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ပါဝင်ကစားခဲ့ဖူးတဲ့ အာနိုးလ်ကို လီဗာပူးအင်ဂျင်ခန်းအတွက် အလားအလာရှိတဲ့ကစားသမားအဖြစ် သတ်မှတ်မှုတွေ ရှိနေပြန်ပါတယ်။

“အန်းစလော့ကိုယ်တိုင်ကလည်း လီဗာပူးအကယ်ဒမီထွက်ကစားသမားဟာ ကလပ်အသင်းအဆင့်မှာ ပုံမှန်ထက်ပိုပြီး နေရာလွတ်တွေကို ဖြည့်စွမ်းပေးနိုင်မယ့်သူအဖြစ် ယုံကြည်နေပြန်ပါတယ်။ အစ်ဆွစ်ချ်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် အန်းစလော့က ကစားသမားတစ်ဦးအတွက် နေရာတစ်ခုက အသင်းနဲ့ အမြဲတမ်းဆက်စပ်ပတ်သက်နေတယ်လို့ ယူဆမိပါတယ်။ ဒါကပဲ ကစားသမားဆီမှ အကောင်းဆုံးအရာတွေ ထွက်ပေါ်လာဖို့ဆိုတဲ့ ကျွန်တော့်ရဲ့ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပထမဆုံးအရာကတော့ အသင်းဆီမှ အကောင်းဆုံးပုံစံယူဆောင်လာဖို့ပါပဲ။ ဒါက ကစားသမားတစ်ဦးဆီမှ အကောင်းဆုံးပုံစံကို ဖော်ထုတ်နိုင်ဖို့ အကူအညီဖြစ်စေပါတယ်။ အာနိုးလ်ကိုယ်တိုင်လည်း ကစားသမားဘဝတလျှောက်လုံး ညာအစွန်နောက်ခံလူအဖြစ် ကစားရင်း လူသိများထင်ရှားလာခဲ့ပါတယ်”

alexander Arnold training

“ငယ်ငယ်တုန်းကတော့ ကွင်းလယ်ပိုင်းမှာ သူ ကစားခဲ့ဖူးပါတယ်။ ခေတ်သစ်ဘောလုံးပွဲစဉ်တွေမှာ နောက်ခံအစွန်လူတွေက ကွင်းလယ်အထိ တက်ကစားနေတာကို မြင်တွေ့ကြမှာပါ။ ဒါကပဲ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ကာလတစ်ခုအထိ အာနိုးလ်လုပ်ဆောင်ခဲ့တဲ့အရာ ဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲမှာလည်း အာနိုးလ် ကွင်းလယ်မှာကစားနေတဲ့ပုံစံကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အာနိုးလ်က ဒီနေရာနှစ်ခုလုံးမှာ အရမ်းကောင်းအောင်ကစားနိုင်စွမ်းရှိသူလို့ ကျွန်တော်ထင်ပါတယ်။ ဒီနောက်မှာတော့ အသင်းကို ကူညီပေးနိုင်ဖို့ အာနိုးလ်ရဲ့အကောင်းဆုံးပုံစံအကြောင်း စဉ်းစားပေးဖို့တာဝန်က ကျွန်တော့်ဆီမှာ ကျရောက်လာပါတယ်”လို့ ပြောပါတယ်။

အခုနွေရာသီကာလအတွင်း နိုင်ငံ့လက်ရွေးစင်တာဝန်ကို ကာလရှည်ထမ်းဆောင်ခဲ့ရတဲ့ အာနိုးလ်က လီဗာပူးအသင်းရဲ့ရာသီကြိုခြေစမ်းပွဲစဉ်တွေအနက် တစ်ပွဲကိုသာ ပါဝင်ကစားခဲ့ရပါတယ်။ ဒီပွဲစဉ်ကတော့ ဆီဗီလာကို အိမ်ကွင်းမှာ ဧည့်ခံကစားရတဲ့ပွဲစဉ်ဖြစ်ပြီး အာနိုးလ်က ညာအစွန်နောက်ခံလူအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ အန်းစလော့ကလည်း ရာသီသစ်အတွက် စိန်ခေါ်မှုတွေကို သဘောကျနှစ်ခြိုက်မိတယ်လို့ ဆိုပါတယ်။

ဒတ်ချ်လူမျိုးနည်းပြက “ အမှန်ပါပဲ၊ ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေဖို့ ကျွန်တော်တို့တွေ အတူတကွ လုပ်ဆောင်နေခဲ့တာကြောင့် ရာသီကြိုကာလတစ်ခုအပြီး ဘောလုံးရာသီသစ်တစ်ခုစတင်ဖို့ဆိုတာ ကစားသမားတစ်ဦးအတွက်အပြင် နည်းပြတစ်ဦးအတွက်ပါ အမြဲတမ်းလိုလို ဝမ်းသာပျော်ရွှင်စရာဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ဆက်ပြောပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments