အဆိုပါပွဲတွင် ဂျူလီယန် အယ်လ်ဗာရက်ဇ်၊ ကီဗင်ဒီဘရိုင်း၊ အိုင်ကေး ဂန်ဒိုဂန်နှင့် ဂျက် ဂရေးလစ်ရှ် တို၏ ဂိုးသွင်းချက်များဖြင့် မန်စီးတီး သည် လီဗာပူးလ် ကို ၄-၁ ဖြင့် အနိုင်ယူခဲ့သည်။ ပထမပိုင်းမှာ လီဗာပူးလ် က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး မန်စီးတီး က ချေပဂိုးပြန်သွင်းခဲ့ကာ ပထမပိုင်းပြီးဆုံးခဲ့သည်။ ဒုတိယပိုင်းပြန်စပြီး တစ်မိနစ်အကြာမှာပဲ မန်စီးတီးအသင်းက ဒီဘရိုင်းနားကတဆင့် ဦးဆောင်ဂိုးရခဲ့ပြီး ဂန်ဒိုဂန်နဲ့ ဂရီးလစ်ရှ်တို ဂိုးထပ်ပြီးနောက် အသာစီးရသွားခဲ့ခြင်းဖြစ်သည်။

ယင်းက ဤရာသီ ၃၇ ပွဲမှာ ၄၂ ဂိုးအထိ သွင်းထားကာ ဒဏ်ရာရနေသော အာလင် ဟာလန်း မပါဘဲနှင့်လည်း မန်စီးတီး သည် ကစားပွဲများကို အသာကလေး အနိုင်ယူနိုင်ကြောင်း ပြသခဲ့ပါသည်။
ဟာလန်း မပါဘဲ စီးတီးက ပိုကောင်းသည်ဟု အဆိုပါပွဲအစောပိုင်းက အခိုင်အမာပြောခဲ့သည့် ကာရေဂါက ဟာလန်းမရှိခြင်းသည် သူ့စကား မှန်ကြောင်း သက်သေပြလိုက်သည်ဟု ဆိုလာခဲ့ပါသည်။ သူက တွစ်တာမှာ “ဒါဆို ကျွန်တော် မှန်ပါတယ်၊ မန်စီးတီးက ဟာလန်း မပါဘဲ ပိုကောင်းပါတယ်။” ဟု ရေးသားခဲ့သည်။ လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါ သည် သူ၏ထိုရေးသားချက်နှင့်ပတ်သက်၍ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ပရိသတ်တစ်ဦးကတော့ “ဒါမှမဟုတ်လည်း လီဗာပူးလ် ကပဲ ညံ့နေခဲ့တာပါ” ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

မန်စီးတီး ၏ အဆိုပါနိုင်ပွဲသည် ငါးမှတ်သာ ကွာစေတော့သဖြင့် အာဆင်နယ် အသင်းအား ပရီးမီးယားလိဂ်ချန်ပီယံဆုပြိုင်ပွဲမှာ အမီလိုက်နိုင်ရန် မျှော်လင့်ချက်ကို ထပ်မံရှင်သန်စေကြောင်း သိရပါသည်။








