Wednesday, March 4, 2026
spot_img
spot_img

လီဗာပူးစတားနဲ့ စကားပြောဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ စလော့

ရီးရဲလ်အသင်းက ချိတ်ဆက်နေတဲ့ လီဗာပူးနောက်ခံလူ အာနိုးလ်နဲ့ စကားပြောဖြစ်ခဲ့တယ်လို့ နည်းပြ စလော့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရီးရဲလ်အသင်းဟာ ကာဗာဂျယ်နေရာအတွက် အာနိုးလ်ကို ချိတ်ဆက်နေတာဖြစ်ပြီး စာချုပ်အနေအထားကလည်း အဆင်မပြေတာကြောင့် အလွတ်နဲ့လက်လွှတ်ရဖို့များနေပါတယ်။ ကာဗာဂျယ်ရာသီကုန်အထိနားရမယ့်အနေအထားမှာ ရီးရဲလ်အသင်းဟာ လာမယ့်ဇန်နဝါရီမှာပဲ အာနိုးလ်ကိုခေါ်ယူဖို့ ပြင်ဆင်နေပြီး မြင့်မားတဲ့တန်ကြေးနဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

အဆိုပါအနေအထားမှာ စလော့တ်က အသက် ၂၆ နှစ်သားအနာဂတ်နဲ့ပတ်သက်ပြီး စကားပြောဖြစ်ခဲ့တယ်လို့ အတည်ပြုလာခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်ပြောမယ်လို့ ခင်ဗျားထင်နေတာလား?။ ခင်ဗျားမေးတဲ့မေးခွန်းကို ကျွန်တော်လုံးဝနားလည်ပါတယ်။ ဒါပေမယ့် ဒီစကားပြောဆိုမှုတွေကို အာနိုးလ်တင်မဟုတ်ပဲ အခြားသူတွေရဲ့ပြောဆိုမှုတွေကိုလည်း ပြောမှာမဟုတ်ပါဘူး။ အဲ့တာက အခြားသူတွေနဲ့ပြောဆိုတာတွေရှိပါတယ်။ အခုလိုမျိုး မီဒီယာတွေဖော်ပြတာက ကစားသမားတွေကို မတည်မငြိမ်ဖြစ်စေပါတယ်။ ကျွန်တော်တို့မှာ တကယ့်ပြဿနာရှိနေပါပြီ။

Real Madrid boss Slott has revealed he has spoken to Liverpool defender Trent Alexander-Arnold. 

ကမ္ဘာ့ထိပ်တန်းအသင်းတွေက ၁၂ လလောက်ခင်ဗျားအကြောင်းပြောနေချိန်မှာ ကစားသမားတစ်ယောက်အနေနဲ့ မတည်မငြိမ်ဖြစ်မှာက ထုံးစံပါပဲ။ ကျွန်တော် အခုပြောနိုင်တာက ယူနိုက်တက်နဲ့ပွဲအကြောင်းပဲပြောနိုင်ပါမယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလိုပဲ တူညီတဲ့စွမ်းဆောင်ရည်ကို ထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပထမရာသီဝက်မှာ ကျွန်တော်တို့ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ အာနိုးလ်လည်း စွမ်းဆောင်ရည်ကောင်းပြနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း သူအကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သလို ဆာလက်အတွက်ပါ ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

လေ့ကျင့်ရေးကွင်းမှာ သူအဲ့လိုမျိုးနေ့တိုင်း ပေးပို့မှုလုပ်နေတာတွေကို ကျွန်တော် မြင်ရပါတယ်။ သူက အသင်းအတွက် အပြည့်အဝအာရုံစိုက်နေသလို လာမယ့်ယူနိုက်တက်နဲ့ပွဲအတွက် အပြည့်အဝအာရုံစိုက်နေပါတယ်”လို့ စလော့က ပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments