Saturday, September 13, 2025
spot_img
spot_img

လီဗာပူးကွင်းလယ်ကြယ်ပွင့်ဘာ့ဂျ်စီတစ်ကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ အရေးနိမ့်ဖွယ်ရှိနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းရဲ့ အရှိန်မြှင့်ကြိုးပမ်းမှုတွေ ရှိနေပေမယ့် လီဗာပူးကတော့ လူငယ်ကွင်းလယ်ကစားသမား ဘာ့ဂျ်စီတစ်အတွက် ဆဲလ်ဘတ်အသင်းနဲ့ သဘောတူညီမှုတစ်ခုရရှိခဲ့ပြီလို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသက်-၁၇ နှစ်အရွယ်ကစားသမား ဘာနယ်ကို ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် လက်လွှတ်ခဲ့ရပြီးနောက် ဘာစီလိုနာအသင်းက လီဗာပူးကွင်းလယ်ကစားသမားအတွက် ချဉ်းကပ်မှုတစ်ခု လုပ်ဆောင်ခဲ့တယ်လို့ The Athletic သတင်းဌာနရဲ့အဆိုအရ သိရပါတယ်။ ဒါပေမယ့် နာမည်ကျော်သတင်းထောက်ရိုမာနိုကတော့ ဘာစီလိုနာအနေဖြင့် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းတွေနဲ့ ကိုက်ညီနေစေဖို့အတွက် ဘာ့ဂျ်စီတစ်ကို ခေါ်ယူနိုင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ကစားသမားက တစ်ရာသီအငှားစာချုပ်ဖြင့် သြစတြီးယားနိုင်ငံဆီ ထွက်ခွာလာဖို့ ရှိနေပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း ဆယ်လ်တာဗီဂိုမှ လီဗာပူးဆီ ပြောင်းရွှေ့ရောက်ရှိလာတဲ့ ဘာ့ဂျ်စီတစ်က အန်ဖီးလ်မှာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကို အောင်မြင်မှုကျော်ကြားမှုတွေနဲ့ဘောလုံးရာသီတစ်ခုဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီဘောလုံးရာသီမှာပဲ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ပြီးခဲ့တဲ့ဘောလုံးရာသီတစ်ခုလုံး ဘာ့ဂျ်စီတစ်အနေဖြင့် စီနီယာအဆင့်ပွဲစဉ် သုံးပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ အသက်-၁၉ နှစ်အရွယ်ကစားသမားက အသင်းဖော်ဟောင်းဘော်ဘီကလက်ခ်ရှိရာ ဆဲလ်ဘတ်ဆီ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် စပိန်သားအတွက် အန်ဖီးလ်မှာ အနာဂတ်တစ်ခု ကျန်ရှိနေပါသေးတယ်။

ကွင်းလယ်ခံစစ်ကစားသမားဖြစ်တဲ့ ဘာ့ဂျ်စီတစ်က သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ စပိန် ယူ-၁၈ အသင်းနဲ့ ယူ-၂၁ အသင်းတွေအတွက် ပါဝင်ကစားပေးခဲ့ဖူးပါတယ်။ ဆာဘီးယားဘောလုံးသမားဟောင်း ဆာဒန်ဘာ့ဂျ်စီတစ်ရဲ့သားဖြစ်သူက ဗဟိုခံစစ်ပိုင်းမှာလည်း ကစားနိုင်စွမ်းရှိပြီး အခုအချိန်မှာတော့ ဆဲလ်ဘတ်အသင်းနည်းပြတာဝန်ယူနေတဲ့ လီဗာပူးလက်ထောက်နည်းပြဟောင်းပက်လင်ဒါးစ်နဲ့ ပြန်လည်ဆုံစည်းရဖို့ ရှိနေပါတယ်။

ဘာ့ဂျ်စီတစ်အနေဖြင့် လာမယ့်တနင်္ဂနွေနေ့၊ သြစတြီးယားဘွန်ဒက်စ်လီဂါပွဲစဉ်ဖြစ်တဲ့ ရက်ပစ်ဝီအမ်နဲ့ ပွဲစဉ်အမှီ ကစားသမားမှတ်ပုံတင်စာရင်းပေးသွင်းဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူက နိုင်ငံတကာသီတင်းပတ်အပြီး၊ စက်တင်ဘာ ၁၄ ရက်မှာကစားရမယ့် သြစတြီးယားကလာဂန်ဖတ်နဲ့ပွဲစဉ်ကို  ဆဲလ်ဘတ်ကစားသမားဘ၀ ပွဲဦးထွက်အဖြစ် ပါဝင်ကစားသွားနိုင်ဖွယ် ရှိပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments