Wednesday, March 11, 2026
spot_img
spot_img

လီဗာပူးကို ရှုံးနိမ့်ပြီး ချန်ပီယံလမ်းကြောင်းကနေ ထွက်သွားမှာကို စိုးရိမ်နေတဲ့ ဂမ်ဒိုဂန်

တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲစဉ်တွင် လီဗာပူးကို ရှုံးနိမ့်ပါက ပရီးမီးယားလိဂ်ဆုဖလားပြိုင်ဆိုင်မှုကနေ ထွက်သွားမှာကို မန်စီးတီးကွင်းလယ်ကစားသမား ဂန်ဒိုဂန်က စိုးရိမ်နေပါတယ်။

ရုန်းကန်နေရတဲ့ မန်စီးတီးဟာ ဖီယင်နုနှင့်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ၃-၀ ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး နောက်ဆုံး ၁၅ မိနစ်အတွင်းမှာ ၃ ဂိုး ပြန်ပေးခဲ့ရတာကြောင့် ၃-၃ ဂိုးဖြင့် ပွဲပြီးဆုံးခဲ့ရပါတယ်။

ဂွါဒီယိုလာရဲ့နည်းပြဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံမှာ ၅ ပွဲဆက် ရှုံးနိမ့်ထားပြီး ဒါဟာ မန်စီးတီးရဲ့ပြဿနာတွေကို မီးမောင်းထိုးပြလိုက်သလိုဖြစ်နေပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ စလော့ရဲ့ လီဗာပူးဟာ အနီးကပ်ဆုံး ပြိုင်ဘက် မန်စီးတီးကို ၈ မှတ်ဖြတ်ထားပြီး အန်ဖီးလ်မှာသာ ရှုံးနိမ့်ခဲ့ပါက ၁၁ မှတ်အထိ ရှိသွားမယ်လို့ ဂမ်ဒိုဂန်က ထင်နေပါတယ်။
တနင်္ဂနွေနေ့ပွဲက မန်စီးတီးက အနိုင်ရရှိရမယ့်ပွဲလားလို့ မေးရာတွင် ဂမ်ဒိုဂန်က “ဆုဖလားပြိုင်ဆိုင်မှုမှာရှိနေဖို့အတွက်ဆိုရင် ဟုတ်တယ်လို့‌ ဖြေရမှာပါ။ ဘာကြောင့်လဲဆိုတော့ ၁၁ မှတ်ဆိုတာက ကြီးမားတဲ့ကွာဟချက်ပါ။ ဒါဟာ ရာသီရဲ့ အစောပိုင်းမှာပဲရှိနေသေးတာပါ”

Man CIty 3-3 draw with Feyenoord

“ကျွန်တော်တို့အသင်းသာမက အခြားအသင်းတွေကလည်း ပွဲစဉ်တွေ အများကြီးကို ကစားရအုံးဖြစ်လို့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ကိုကိုယ်ကြည့်ရမှာဖြစ်ပြီး ဖြစ်နိုင်သလောက် မြန်မြန်လေး အကောင်းဆုံး လုပ်ရမှာဖြစ်ပါတယ်”

“ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲအတွက် ဖြစ်နိုင်သလောက် အကောင်းဆုံးပြင်ဆင်ပြီး လာမယ့်ရက်တွေမှာ ကြိုးစားပြီး ကစားသွားရမှာဖြစ်ပါတယ်”
“ဘယ်လိုပဲဖြစ်ဖြစ် အန်ဖီးဆိုတာက ခက်ခဲတဲ့အရာပါ။ ပြီးခဲ့တဲ့နှစ်တွေက အဲ့မှာကစားခဲ့တဲ့ပွဲတွေမှာ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပြီး လက်ရှိမှာ လီဗာပူးက ယုံကြည်မှုအပြည့်ရှိနေတဲ့ အသင်းတစ်သင်းဆိုတာ ကျွန်တော်တို့ သိပါတယ်”

“ဒီပွဲပါ အရမ်းကိုခက်ခဲမယ့်ပွဲစဉ်တစ်ပွဲဖြစ်မှာပါ။ လက်ရှိရာသီကို ကျွန်တော်တို့က အခက်ခဲဆုံးလမ်းကနေ ဖြတ်သန်းသွားရမယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောပါတယ်။

Manchester City midfielder Gundogan fears defeat to Liverpool on Sunday could put them out of the Premier League title race.

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ မန်စီးတီးရဲ့ရလဒ်တွေက သိသိသာသာဆိုးရွားနေပြီး ဆုဖလားအတွက် ရေပန်းစားတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ကစားရတဲ့ပွဲစဉ်တွေမှာ အသင်းရဲ့ကစားသမားတွေက ယုံကြည်မှုနည်းနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဂွါဒီယိုလာရဲ့အသင်းဟာ အင်္ဂလိပ်ဘောလုံးလောကမှာ ပထမဆုံးအကြိမ်အဖြစ် ၄ နှစ်ဆက် ဆုဖလားရရှိခဲ့ဖြစ်ပေမယ့် သူတို့ရဲ့စိုးမိုးထားမှုက မေးမှိန်လာနေတာပါ။
ဘာစီလိုနာတွင် ၁ နှစ် သွားရောက်ကစားခဲ့ပြီးနောက် ဒီနွေရာသီကမှ မန်စီးတီးသို့ ပြန်လာခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ဂန်ဒိုဂန်က “ကျွန်တော်တို့ကိုယ်တိုင်က ဒါတွေကို နည်းနည်းလောက် လုပ်ပြီးပါပြီ၊ သို့ပေမယ် မြန်နိုင်သမျှ မြန်မြန်လေး လုပ်နိုင်မယ်လို့ မျှော်လင့်ပြီး အထူးသဖြင့် ဒီလိုပွဲစဉ်မျိုးမှာပေါ့”

“အကောင်းဆုံးလုပ်နိုင်ဖို့ ဒါကို အသုံးချရမှာဖြစ်ပြီး အဲ့ဒီနောက် ပွဲထဲမှာ အကောင်းဆုံးလုပ်ရမှာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ ပွဲအပေါ် ချဉ်းကပ်ပုံပါပဲ” လို့ ပြောပါတယ်။

တော့တင်ဟမ်ကို အိမ်ကွင်းမှာ ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အသင်းဟာ အမြင့်ဆုံးမှာ လုပ်ဆောင်နိုင်ဆဲဖြစ်ပါတယ်လို့ ဂန်ဒိုဂန်က ယုံကြည်နေပါတယ်။ “ဒီရလဒ်က အားလုံးပြီးဆုံးသွားပြီလို့ ပြသတာ မဟုတ်ပါဘူး။ တော့တင်ဟမ်ရဲ့ ကစားပုံက ကောင်းမွန်တဲ့အတွက် အနိုင်ရရှိဖို့ ထိုက်တန်ပါတယ်။ မြန်နိုင်သမျှ မြန်မြန်တိုးတက်လာဖို့ ဒီကာလကို ကျွန်တော်တို့ သုံးရမှာပါ”

“ဘောလုံးဆိုတာက ဘောလုံးပဲဖြစ်ပြီး တစ်ခါတစ်လေမှာ မယုံကြည်နိုင်လောက်တဲ့အခိုက်အတန့်တွေကို ဖန်တီးပြီး ခက်ခဲတဲ့အရာတွေကို ရင်ဆိုင်ရစေပါတယ်။ ရင်ဆိုင်ရတဲ့အခါ ကျော်ဖြတ်ရမှာဖြစ်ပြီး လက်ခံလိုက်တဲ့အချိန်ပဲဖြစ်ဖြစ် အဲ့ဒီစိန်ခေါ်မှုကို ရတဲ့အချိန်ပဲဖြစ်ဖြစ် ကြိုးစားသွားရမှာဖြစ်ပါတယ်” လို့ ဂမ်ဒိုဂန်က ပြောပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments