Wednesday, March 4, 2026
spot_img
spot_img

လီဂါနက်စ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာထပ်မံရရှိခဲ့ပြန်တဲ့ ယာမဲလ်

ဘာစီလိုနာလူငယ်စတား ယာမဲလ်တစ်ယောက် လီဂါနက်စ်ကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။ စပိန်သားဟာ ပြီးခဲ့တဲ့ရက်ဒ်စတားအသင်းနဲ့ချန်ပီယံလိဂ်ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လက်စ်ပါးမက်စ်နဲ့ပွဲမှာ ပြန်မလာနိုင်ခင် ၃ ပတ်လောက်နားခဲ့ရပါတယ်။ အသက် ၁၇ နှစ်သားဟာ ဖြည်းဖြည်းချင်းပြန်လာနိုင်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် အခုလီဂါနက်စ်နဲ့ပွဲမှာ ထပ်မံဒဏ်ရာရရှိခဲ့ပြန်တာဖြစ်ပါတယ်။

၂၀၂၄ ရွှေဘောလုံးဆုရှင်ဟာ ပွဲကစားချိန် ၁၆ မိနစ်မှာတင် ပြင်းထန်တဲ့ဖျက်ထုတ်ခံရမှုကြောင့် တူညီတဲ့ဒဏ်ရာမျိုးထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယာမဲလ်က ဆက်လက်ကစားခဲ့ပြီး ပွဲကစားချိန် ၇၅ မိနစ်မှာမှ လူစားလဲခဲ့တာဖြစ်ပါတယ်။ MD သတင်းဌာနရဲ့အဆိုအရ ဘာစီလိုနာဟာ လက်ကျန်ဘောလုံးပြက္ခဒိန်အတွက် ယာမဲလ်ရဲ့ကြံ့ခိုင်မှုအနေအထားကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

အေအက်သတင်းဌာနကတော့ ယာမဲလ်ဟာ လာမယ့်တနင်္ဂလာနေ့မှာ နောက်ထပ်စစ်ဆေးမှုတွေလုပ်ဆောင်မှာဖြစ်ပြီး တူညီတဲ့ဒဏ်ရာအခြေအနေမျိုးဖြစ်မှာကို အသင်းဘက်က စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ ဖလစ်ကတော့ ယာမဲလ်အခြေအနေအရမ်းမဆိုးဝါးဖို့ မျှော်လင့်နေပြီး တီကိုနဲ့ပွဲမှာ ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။ တကယ်လို့ စပိန်သားအနေနဲ့ အဆိုပါအရေးပါတဲ့ပွဲမှာ ပြန်မလာနိုင်ခဲ့ရင် ဘာစီလိုနာအနေနဲ့ အခြားပြင်ဆင်မှုတွေလုပ်ဆောင်ရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments