မန်စီးတီးတိုက်စစ်မှူးဟောင်း အဂွဲရိုးက လာမည့် ၂၀၂၃- ၂၄ ရာသီတွင် မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်ယူနှင့် အာဆင်နယ်အသင်းတို့ စိန်ခေါ်နိုင်လိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ဂယ်ရီနဗီးလ်အပါအဝင် ဘောလုံးဝေဖန်သူအများစုက လာမည့်ရာသီတွင် မန်စီးတီးကို အဓိကစိန်ခေါ်နိုင်သူမှာ လီဗာပူးလ်ဖြစ်မည်ဟု သုံးသပ်နေကြသော်လည်း အဂွဲရိုးကမူ အာဆင်နယ်နှင့် မန်ယူတို့သာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

”အာဆင်နယ်က လူငယ်တွေနဲ့ဖွဲ့စည်းထားပြီး ပိုတိုးတက်လာဦးမှာပါ။ အာတီတာက အင်အားထပ်ဖြည့်မှာဖြစ်လို့ သူတို့ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဦးမှာပါ။ မန်ယူကလည်း အရင်လိုစိတ်ဓာတ်မျိုး ပြန်ရလာပြီး မန်စီးတီးကို အနိုင်ရဖို့ ကြိုးစားပါလိမ့်မယ်”ဟု အဂွဲရိုးက ဆိုခဲ့သည်။







