Thursday, October 23, 2025
spot_img
spot_img

လာမည့်နွေတွင် ဘာစီလိုနာအသင်း ရောင်းထုတ်မည့် ကစားသမားစာရင်း၌ လီဝန်ဒေါစကီး ပါဝင်နေကြောင်း The Athletic ဖော်ပြ

ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘဏ္ဍာရေးကျပ်တည်းမှုကြောင့် အသင်းကစားသမားများကို ရောင်းထုတ်ရန် စီစဉ်နေပြီး ယင်းထဲတွင် နာမည်ကျော်တိုက်စစ်မှူး လီဝန်ဒေါစကီးလည်း ပါဝင်နေကြောင်း The Athletic က ဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် လာမည့်ရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းကို စိန်ခေါ်နိုင်ရန်အတွက် အသင်းကို ပြင်ဆင်မှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဘာစီလိုနာအသင်းသည် လာမည့် ၂၀၂၄-၂၅ ရာသီတွင် ကစားသမားများ၏လစာပမာဏကိုလည်း ပေါင် (၁၇၄.၄)သန်းသို့ လျှော့ချရမည်ဖြစ်ကြောင်း လာလီဂါက သတိပေးထားသည်။

ဘာစီလိုနာအသင်းသည် လာလီဂါ၏သတ်မှတ်ချက်နှင့် ကိုက်ညီရန်အတွက် အသင်းကစားသမားများကို ရောင်းထုတ်ရန် စီစဉ်လျက်ရှိပြီး ယင်းထဲတွင် လစာများစွာ ရရှိနေသည့် ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးလည်း ပါဝင်နေကြောင်း သိရသည်။

လီဝန်ဒေါစကီးသည် ယခုရာသီတွင် တစ်နှစ်လစာ ပေါင် (၂၂.၅) သန်း ရရှိမည်ဖြစ်ပြီး လာမည့် ၂၀၂၄-၂၅ ရာသီတွင် တစ်နှစ်လစာ ပေါင် (၂၇.၇) သန်း ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ဘာစီလိုနာအသင်းသည် လာမည့်နွေတွင် လစာများစွာပေးချေနေရသည့် လီဝန်ဒေါစကီး(၃၅ နှစ်) အား ရောင်းထုတ်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။

The Athletic ၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်းသည် ယမားလ်(၁၆ နှစ်)၊ ကူဘာဆီ (၁၇ နှစ်)နှင့် ဂါဘီ (၁၉ နှစ်)တို့ (၃) ဦးကိုသာ အထိခံမည်မဟုတ်ဘဲ အခြားကစားသမားများကို ထိုက်တန်သည့်စျေးရပါက ရောင်းထုတ်ဖွယ်ရှိနေကြောင်း သိရသည်။

လာလီဂါအဖွဲ့ချုပ်က ဘာစီလိုနာအသင်းအနေဖြင့် လာမည့်နွေတွင် ကစားသမားများ ခေါ်ယူမည်ဆိုပါက အသင်းရှိကစားသမားများကို ဦးစွာရောင်းချပြီးမှသာ ခေါ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဘာစီလိုနာအသင်းသည် လာမည့်နွေတွင် လီဝန်ဒေါစကီးအပါအဝင် နောက်ခံကစားသမားများ ဖြစ်သည့် အာရူဟိုနှင့် ခွန်ဒဲလ်၊ ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်း၊ တိုက်စစ်ကစားသမားများဖြစ်သည့် ရာဖင်ညာနှင့် ဖယ်ရန်တောရက်စ်တို့ကိုပါ ရောင်းထုတ်ဖွယ်ရှိကြောင်း သိရသည်။ လီဝန်ဒေါစကီးသည် ယခုရာသီတွင် ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၄၅)ပွဲတွင် (၂၂)ဂိုးသွင်းထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments