Saturday, September 13, 2025
spot_img
spot_img

လန်းစ်နောက်ခံလူကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ တော့တင်ဟမ်

တော့တင်ဟမ်အသင်းဟာ ဝုဗ်အသင်းကိုကျော်ဖြတ်ပြီး လန်းစ်နောက်ခံလူ ဒန်ဆိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်သားဟာ လန်းစ်အသင်းထံကနေ တော့တင်ဟမ်အသင်းထံ ရာသီကုန်အထိ အငှားလာကစားမှာဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့်လည်း ပါရှိတယ်လို့ သိရပါတယ်။ ဝုဗ်အသင်းဟာ သြစတြီးယားသားကို ချိတ်ဆက်ခဲ့ပေမယ့် တော့တင်ဟမ်က လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်စတား တဲလ် နဲ့ အေစီမီလန်စတား တိုမိုရီတို့ကို တော့တင်ဟမ်က ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့နောက် အဆုံးသတ်မှာ ဒန်ဆိုကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရိုမဲရိုးဒဏ်ရာပြဿနာရှိနေသလို ဒရာဂူဆင်ကလည်း မကြာသေးခင်က ဒဏ်ရာရခဲ့တာကြောင့် ဒန်ဆိုအနေနဲ့ အချိန်မှန်ရောက်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အရပ် ၆ ပေ ၃ လက်မရှိတဲ့ နောက်ခံလူဟာ လူငယ်ကစားသမားဘဝကို ရက်ဒင်းအသင်းမှာစတင်ခဲ့ပြီး အော့စ်ဘတ်ကို မပြောင်းခင် အမ်ကေဒွန်းအသင်းမှာ ကစားခဲ့ပါတယ်။ အဲ့ကတည်းက အော့စ်ဘတ်အသင်းမှာ နေရာရလာခဲ့ပြီး ဆောက်သမ်တန် ၊ ဒက်ဆဲဒေါ့ဖ်အသင်းတွေမှာ အငှားထွက်ကစားခဲ့ရပါတယ်။၂၀၂၁ မှာမှ လန်းစ်အသင်းထံပြောင်းရွှေ့ခဲ့ပြီး နေရာရလာခဲ့တာဖြစ်ပါတယ်။ ဒန်ဆိုအနေနဲ့ လာမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲကိုတော့ လွဲချော်နိုင်ပြီး တကယ်လို့ အချိန်စောရောက်ခဲ့ရင် လာမယ့်ကြာသပတေးနေ့ လီဗာပူးအသင်းနဲ့ကာရာဘောင်ဖလားဒုတိယအကျော့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments