Monday, March 2, 2026
spot_img
spot_img

လန်နီယိုရို ဒဏ်ရာရရှိခဲ့ပြီးနောက် ခံစစ်မှူးအင်အားဖြည့်တင်းမယ့် ယူနိုက်တက်

ယူနိုက်တက်ဟာ အဲဗာတန်အသင်းရဲ့ ခံစစ်မှူးကို ကမ်းလှမ်းခဲ့ပြီးဖြစ်သော်လည်း ပေါင် ၃၅ သန်း နှင့် အပိုဆုကြေး ၈ သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းကို အဲဗာတန်က ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

မာဆေးဆိုဒ်ကလပ်ဟာ အသက် ၂၂ နှစ်အရွယ် ကစားသမားအတွက် ပေါင်သန်း ၇၀ နီးပါးတောင်းဆိုထားပြီး သူ့ရဲ့ကောင်းမွန်တဲ့ ခြေစွမ်းကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ဘရန့်ဝိတ်ကို ပေါင်သန်း ၅၀ ဝန်းကျင်ဖြင့် ရောင်းချနိုင်ချေရှိနေတာကြောင့် ယူနိုက်တက်ဟာ ထပ်မံကမ်းလှမ်းဖို့ စဉ်းစားနေပြီဖြစ်ပါတယ်။

ယိုရိုကိုခေါ်ယူလိုက်တာကြောင့် ဘရန့်ဝိတ်ကိုခေါ်ယူခြင်းက ရပ်တန့်သွားပုံရသော်လည်း အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ ရာသီကြိုပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ပွဲမှာ ခြေကျင်းဝတ်မှာ ဒဏ်ရာရရှိသွားပါတယ်?

လူငယ်ကစားသမားဟာ ခွဲစိတ်ကုသမှုခံယူဃဲ့ရတာဖြစ်ပြီး ၃ လ ခန့်အနားယူခဲ့ရတာကြောင့် တန်ဟက်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

ယိုရိုဟာ သူ့ရဲ့ပြန်လည်ကြံ့ခိုင်မှု စတင်လုပ်ဆောင်နေတာဖြစ်ကြောင်း နယ်သာလန်သားက အတည်ပြုခဲ့ပြီး ရရှိခဲ့တဲ့ အားပေးမှုတွေကြောင့် ကျေးဇူးတင်ကြောင်း ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ထားပါတယ်။

“ဒါဟာ ကျွန်တော်တို့လိုချင်တဲ့ စတင်မှုမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ ဘောလုံးက ဒီလိုပါပဲ။ သူ့ရဲ့ခွဲစိတ်မှုက အောင်မြင်ပါတယ်” 

“အားပေးတဲ့ စာတွေကြောင့် အရမ်းကို ကျေးဇူးတင်ပါတယ်။ ပြန်လည်ကြံ့ခိုင်မှုအတွက် စိတ်ရှည်ရမှာပါ။ မကြာခင်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်တွေ့ကြရအောင်ပါ” လို့ သူက ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

ဘရန့်ဝိတ်ကိုယ်တိုင်ကလည်း လက်ရှိမှာ ကြံ့ခိုင်မှုမပြည့်ဝနေပါဘူး။ ခွဲစိတ်မှုခံယူထားရတာဖြစ်သော်လည်း အဲဗာတန်နည်းပြက ဒါဟာ အသေးစားခွဲစိတ်မှုဖြစ်တယ်လို့ ပြောထားပြီး ရာသီအစမှာ ကြံ့ခိုင်မှုပြည့်ဝမယ်လို့ မျှော်လင့်နေပါတယ်။

“ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ လက်ရှိမှာ သူက ကောင်းကောင်းလုပ်ဆောင်နေပါတယ်။ အစပိုင်းမှာ နှေးကွေးသော်လည်း ဆက်လက်စောင့်ရမှာပါ”

“မကြာခင်မှာ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ သေချာပေါက် ပြန်ကောင်းလာမယ့်လို့ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ မျှော်လင့်ရပါတယ်” လို့ ရှောင်ဒိုက်က ပြောပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments