လန်ဒန်ဘောလုံးဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပရီးမီးယားလိဂ်ကို ထိပ်ဆုံးမှ ဦးဆောင်နေသော အာဆင်နယ်အသင်းမှ ကစားသမား ၄ ဦးက ဆုများဆွတ်ခူးရရှိခဲ့သည်။

အာဆင်နယ်အသင်းအတွက် ကစားကွက်ဖန်တီးရှင်နေရာတွင် ကစားပေးနေသော အိုဒီဂတ်သည် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့သည်။ အသက် ၂၄ နှစ်အရွယ်ရှိ အိုဒီဂတ်သည် ဟယ်ရီကိန်းနှင့် ဆာကာတို့ကို ကျော်ဖြတ်ကာ ဆုရခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်တောင်ပံကစားသမားဆာကာကလည်း တစ်နှစ်တာ ပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့သည်။ ဆာကာသည် ဆာလီဘာနှင့် မာတင်နယ်လီတို့ကို ကျော်ဖြတ်ကာ အဆိုပါဆုရခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အာတီတာက ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး မန်နေဂျာဆုနှင့် ရမ်စ်ဒေးလ်က တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆုကို ရရှိခဲ့သည်။






