Wednesday, March 4, 2026
spot_img
spot_img

လက်ရှိ အာဆင်နယ် ကြယ်ပွင့်ကို ခေါ်ယူဖို့ သူ အသည်းအသန် ကြိုးပမ်းခဲ့ဖူးကြောင်း ဖွင့်ဟလာတဲ့ အာဆင်ဝင်းဂါး

ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး က သူ အာဆင်နယ် အသင်း နည်းပြ အဖြစ် ရှိနေတုန်းက မာတင်အော်ဒီဂတ်ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်း လုပ်ဆောင်ခဲ့ဖူးကြောင်း ဖွင့်ဟ ပြောကြား လာခဲ့ပါတယ်။

ဂန်းနားတို့ရဲ့ လက်ရှိ ကပ္ပတိန် မာတင် အော်ဒီဂတ် ဟာ အသက် ၁၅ နှစ် အရွယ်မှာတင် Stromsgodset အသင်းအတွက် ပွဲထွက် ကစားခွင့် ရပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ဥရောပ အသင်းကြီးတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အသင်းကြီး‌တွေ များစွာထဲကမှ နော်ဝေး လက်ရွေးစင် ဟာ ရီးယဲလ်မက်ဒရစ် အသင်းကို ရွေးချယ် သွားခဲ့တာပါ။ ရီးယဲလ်မက်ဒရစ် ကို မရောက်မှီ အော်ဒီဂတ် ကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့တဲ့ အသင်းတွေထဲမှာ အာဆင်နယ် အသင်းလည်း ပါဝင် ခဲ့ပါတယ် ။

အဆိုပါ အကြောင်းကို အာဆင်ဝင်းဂါး က ယွန်းဘတ် နဲ့ တွေ့ဆုံမှုမှာ ” ငါ အော်ဒီဂတ် ကို ကောင်းကောင်း မှတ်မိတာပေါ့ကွာ ။ ငါတို့ သူ့ကို ခေါ်ဖို့ အရူးအမူး ကို ကြိုးပမ်းခဲ့တာပါ ၊ လေ့ကျင့်ရေး ကွင်းကိုတောင် သူ့ကို ခေါ်ပြီး လေ့ကျင့်ခန်း ဆင်းခိုင်း ခဲ့တာပါ ၊ စတိဗ်မော်ရိုး က သူနှင့် သူ့အဖေ့ကို လေ့ကျင့်ရေးကွင်းဆီ ရောက်အောင် ခေါ်လာခဲ့တာပါ ။ ”

” သူကစားတာကို ကြည့်ရတာ ဖာဘရီဂက်စ် ကို ပြန်မြင်ရသလိုပါပဲ ။ ဘောလုံး အမြင်ကောင်းသလို နည်းစနစ်ပိုင်း အရည်အသွေးလည်း ကောင်းပါတယ် ၊ အသင်းကြီးက ပရော်ဖက်ရှင်နယ် ကစားသမားတွေနဲ့လည်း အလွယ်တကူ ကစား နိုင်ပါတယ် ၊ သူ့မှာ ထူးရှယ် အရည်အသွေးတွေ ရှိတယ်ဆိုတာ မြင်သာပါတယ် ၊ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူ ရီးယဲလ်မက်ဒရစ် ကို ရွေးချယ် သွားခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments