Saturday, September 13, 2025
spot_img
spot_img

လက်ချီစတားကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ယူနိုက်တက် အတည်ပြု

ယူနိုက်တက်အသင်းဟာ လက်ချီနောက်ခံလူ ဒိုဂူကို ပေါင် ၂၉ သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ တနင်္ဂနွေနေ့တုန်းက ယူနိုက်တက်အသင်းက အသက် ၂၀ အရွယ်ကစားသမားကိုခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာခဲ့တာဖြစ်ပြီး ၂၀၃၀ အထိ စာချုပ်ချုပ်ဆိုခဲ့ကာ ၁ နှစ်ထပ်မံသက်တမ်းတိုးခွင့်လည်း ပါရှိတာဖြစ်ပါတယ်။

ဒိန်းမတ်သားကတော့ အခုလိုမျိုးကို ယူနိုက်တက်အသင်းထံပြောင်းရွှေ့ခွင့်ရတာက တကယ့်ထူးရှယ်လို့ ပြောကြားခဲ့ပါတယ်။ “ယူနိုက်တက်ကစားသမားတစ်ဦးလို့ ကျွန်တော့်ကိုကျွန်တော် ခေါ်ယူနိုင်ခဲ့တာက တကယ့်ကိုကြီးမားတဲ့ ဂုဏ်ယူစရာပါ။ ဒီနေ့က ကျွန်တော်တို့ တစ်မိသားစုလုံးအတွက် အရမ်းထူးခြားတဲ့နေ့ပါ။ ကျွန်တော် အာမိုရင်နဲ့လက်တွဲဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ သူ့ရဲ့အသင်းအပေါ် အမြင် နဲ့ အသင်းအနာဂတ်အတွက် တကယ့်ကိုစိတ်လှုပ်ရှားနေပါပြီ။ ကျွန်တော် တိုးတက်ဖို့ ရှင်းလင်းတဲ့အစီအစဉ်ရှိနေတယ်လို့ ခံစားရပါတယ်။ အဲ့တာက ကျွန်တော် ယူနိုက်တက်ကိုပြောင်းလာရတဲ့ အဓိကရည်ရွယ်ချက်ပါ”လို့ ဒိုဂူက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ မာလာစီယာ နဲ့ လုခ်ရှောတို့ဒဏ်ရာပြဿနာကြောင့် နောက်ခံလူနေရာကို အားဖြည့်ချင်နေတာဖြစ်ပြီး အခုတော့ ဒိုဂူက အဆိုပါပြဿနာကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ရတာဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ကစားသမားအနေနဲ့ ယူနိုက်တက်အတွက် ပွဲဦးထွက်ပါဝင်ခွင့်ရဖို့ စောင့်ဆိုင်းရဖွယ်ရှိနေပြီး လာမယ့်ပဲလေ့စ်နဲ့ပွဲကို တက်ရောက်ကြည့်ရှုဖွယ်ရှိနေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments