Wednesday, March 11, 2026
spot_img
spot_img

ရော်နယ်လ်ဒိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးရင်တောင် အနားမယူလောက်သေးဘူးလို့ ဖာနန်ဒက်စ် ဆို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဗိုလ်စွဲခဲ့ရင်ပဲဖြစ်ဖြစ် ဗိုလ်မစွဲခဲ့ရင်ပဲဖြစ်ဖြစ် ကစားသမားဘဝကနေ အနားမယူသေးဘဲနဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းနိုင်သေးတယ်လို့ ရော်နယ်လ်ဒိုရဲ့ လက်ရွေးစင် အသင်းဖော် ဘရူနို ဖာနန်ဒက်စ်က ပြောကြားလာခဲ့ပါတယ်။

ဘာလွန်းဒေါဆု (၅)ကြိမ် ရရှိထားတဲ့ ပေါ်တူဂီ စူပါစတားကြီး ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ယူရိုဖလားနဲ့ နေရှင်းစ်လိဂ်ဖလားတို့ကို ပိုင်ဆိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားကိုတော့ မရယူပေးနိုင်သေးဘဲ ရှိနေပါတယ်။ ရော်နယ်လ်ဒိုရဲ့ မဟာပြိုင်ဘက် လီယွန်နယ် မက်ဆီကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားကြီးကို ရယူပေးနိုင်ခဲ့ပါတယ်။

မက်ဆီက ကမ္ဘာ့ဖလားကြီ ဆွတ်ခူးထားနိုင်တာမို့ မကြာခင်မှာပဲ အသက်(၄၀) ပြည့်တော့မယ် ရော်နယ်လ်ဒိုက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ဆင်နွဲသွားဖို့ ရှိနေပြီး သူရဲ့ လက်ရွေးစင် အသင်းဖော်တွေကလည်း ပေါ်တူဂီအတွက်ရော ရော်နယ်လ်ဒိုအတွက်ပါ ကမ္ဘာ့ဖလားကြီးကို ရယူပေးသွားချင်နေပါတယ်။

Cristiano Ronaldo not retiring after 2026 World Cup, says Fernandes

ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး ဖာနန်ဒက်စ်က “သူ ဒီပြိုင်ပွဲကြီးကို ပါဝင်မယ်ဆိုတာ ယုံကြည်ရုံတင်မကဘူး သေချာသလောက် ရှိပါတယ်။ ခရစ္စတီယာနိုက နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလားကြီး ရယူလိုတဲ့ အိမ်မက်ကို ဖြည့်ဆည်းနိုင်မယ်ဆိုရင် ဒါဟာ သူ့အတွက်သာမကဘဲ ပေါ်တူဂီလူမျိုးတွေအတွက်ပါ အရမ်းကောင်းပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံအတွက် တကယ်ကို လုပ်ဆောင်ပေးသွားချင်ပါတယ်။”

“ကျွန်တော်တို့ ပေါ်တူဂီ ဘောလုံးနယ်ပယ်မှာ အကောင်းမွန်ဆုံးသော ထိပ်တန်း ကစားသမားကြီးအဖြစ် သတ်မှတ်ထားတဲ့ သူ့အတွက်တော့ ဒီလို ဆုဖလားကြီးနဲ့အတူ ကစားသမားဘဝကို အဆုံးသတ်လိုက်တာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါလိမ့်မယ်။ သူ ကမ္ဘာ့ဖလား ဆွတ်ခူးသွားရင်တောင်မှ ကစားသမားဘဝကို ရပ်လိုက်တော့မလား နည်းနည်း ဆက်ကစားဦးမလားဆိုတာ ကျွန်တော် သေချာ မသိပါဘူး။”

“တိုးတက်ဖို့ သင်ယူစရာတွေက အမြဲတမ်း ရှိနေပါတယ်။ ခရစ္စတီယာနိုက တစ်နှစ်ထက်တစ်နှစ် ပိုလုပ်ပြချင်တဲ့သူ ပိုကောင်းအောင် လုပ်ချင်သူဆိုတာကို မြင်ရမှာပါ။ သံယယ ရှိနေကြသူများအတွက် သူက ပိုပြီးတော့ကို လုပ်ပြချင်တာ။ ကျွန်တော်တို့အတွက် အရေးကြီးတာကတော့ ကမ္ဘာ့ဖလား ကစားဖို့နဲ့ အောင်မြင်မှု ရဖို့ပါ။ ဒါဟာ ကျွန်တော်တို့ ကျွန်တော်တို့နိုင်ငံနဲ့ ရော်နယ်လ်ဒိုရဲ့ ပရိသတ်တွေရဲ့ အိမ်မက်ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments