Wednesday, March 4, 2026
spot_img
spot_img

ရောဘတ်ဆန် ပွဲအများဆုံး စကော့တလန်အသင်းခေါင်းဆောင်ဖြစ်လာ

စကော့တလန်အသင်းခေါင်းဆောင် နောက်ခံလူ ရောဘတ်ဆန်သည် ပွဲအများဆုံးစကော့တလန်အသင်းခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

လီဗာပူးလ်ကစားသမား ရောဘတ်ဆန် (၃၀ နှစ်)သည် ၂၀၁၄ ခုနှစ်တွင် စကော့တလန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၈ တွင် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

၎င်းသည် စကော့တလန်အသင်းခေါင်းဆောင်အဖြစ် ယူရို -၂၀၂၀ ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့သလို၊ လာမည့်ယူရို-၂၀၂၄ ပြိုင်ပွဲကိုလည်း ဦးဆောင်ခွင့်ရရှိမည်ဖြစ်သည်။

ရောဘတ်ဆန်သည် ယူရို-၂၀၂၄ မတိုင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် ဖင်လန်အသင်းနှင့် ယှဉ်ပြိုင်ကစားရာတွင်  အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီးနောက် စံချိန်သစ်ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် စကော့တလန်လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် (၄၉)ပွဲမြောက် ပါဝင်ကစားခြင်းဖြစ်ပြီး ယခင်ပွဲအများဆုံးစံချိန်ရှင် ဂျော့ချ်ယန်း ၁၉၄၆ မှ ၁၉၅၇ အတွင်း တင်ရှိခဲ့သည့်စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရောဘတ်ဆန်သည် လက်ရွေးစင်အသင်းအတွက် (၇၁)ပွဲ ကစားပေးထားပြီး စကော့တလန်အသင်း၏ ပွဲအများဆုံးကစားသမားစာရင်း၌ အဆင့် (၈)နေရာရပ်တည်နေသည်။

ယူရိုပြိုင်ပွဲတွင် အဆိုပါရပ်တည်မှုအဆင့် ထပ်မံမြင့်တက်လာဖွယ်ရှိနေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments