ဗုဒ္ဓဟူးနေ့က ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိခဲ့ပြီး အသင်းအကယ်ဒမီထွက် ကစားသမား ၃ ဦးကို စလော့က ချီးကျူးလိုက်ပါတယ်။
အမ်ဘာပေရဲ့ ခြိမ်းခြောက်မှုတွေကို ညာနောက်တန်းကစားသမား ကော်နာဘရက်ဒ်လေက ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ရုန်းကန်နေရတဲ့ ပြင်သစ်နိုင်ငံသားဟာ အဖိုးတန် အခွင့်အရေးတွေ ရရှိခဲ့ပြီး ဒုတိယပိုင်းက သူ့ရဲ့ပင်နယ်တီကန်ချက်ကို ကယ်လာဟာက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင်ဘကာတစ်ဂျုံးရဲ့ ခြေစွမ်းတွေကြောင့်လဲ စလော့က ချီးကျူးထားပါတယ်။
ဘရက်ဒ်လေဟာဆိုရင် မက်အက်လစ္စတာရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သလို နည်းပြကလည်း အံ့ဩသွားခဲ့ရပါတယ်။ “ကော်နာက မက်ကာထံဘောလုံးပေးလိုက်တာလား။ ဒါဟာ ထူးခြားတဲ့အရာပါ။ ဒါဟာ သူ့၊ သူ့မိသားစု၊ ကျွန်တော်တို့နှင့် အသင်းရဲ့အကယ်ဒမီအတွက် အရမ်းကောင်းပါတယ်”
“သူတစ်ယောက်တည်းတင်မဟုတ်ဘဲ ကယ်လာဟာ နှင့် ကာတစ်ဂျုံးစ်တို့ကလည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အကယ်ဒမီထွက် ကစားသမားတွေက ဒီလောက်ထိ အကောင်းဆုံး ကစားပြနိုင်နေတာဟာ အရမ်းကိုကောင်းပါတယ်။ ကာလာဟာရဲ့ ပင်နဲ့ဒီကာကွယ်မှုက ကြီးမားတဲ့အခိုက်အတန့်ပါပဲ။ ပင်နယ်တီကိုကန်သွင်းယူမှာက အမ်ဘာပေဖြစ်ပြီး ဂိုးဝင်သွားနိုင်ပါတယ်” လို့ နည်းပြကပြောပါတယ်။
၂၀၀၉ ခုနှစ် အန်ဖီးလ်တွင် ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း လီဗာပူးဟာ မက်ဒရစ်ကို အနိုင်မရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ချန်ပီယံလိဂ်ဖိုင်နယ်ပွဲတွေမှာ လီဗာပူးက ၂ ကြိမ်အထိ ရှုံးနိမ့်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ကပွဲမှာတော့ လက်စားချေနိုင်ခဲ့ပါတယ်။
“လက်ရှိချန်ပီယံ ချန်ပီယံလိဂ်ဆုဖလားများစွာ ရယူထားတဲ့အသင်းကိုအနိုင်ရာရှိတာက အခြားအသင်းတွေကို အနိုင်ရရှိတဲ့အရာနဲ့တူတယ်လို့ ကျွန်တော်မပြောလိုပါဘူး” လို့ စလော့က ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ကနိုင်ပွဲကြောင့် ၃ ပွဲကစားရန် ကျန်ရှိနေတဲ့အချိန်မှာ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ မက်ဒရစ်ကတော့ play off ကစားရမယ့် နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၂၄ မှာသာ ရပ်တည်နိုင်နေပါတယ်။






