Wednesday, October 29, 2025
spot_img
spot_img

ရီးယဲလ်နဲ့ ပွဲဦးထွက်ပွဲ ကစားပြီးနောက် ဂိုး ၅၀ သွင်းယူရန် အမ်ဘာပေ ရည်မှန်း

ကိုင်လီယံ အမ်ဘာပေက ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ သူ့ရဲ့ပွဲဦးထွက်ပွဲဖြစ်တဲ့ အတ္တလန္တာနဲ့ပွဲမှာ ဂိုးသွင်းခဲ့ပြီးနောက် အသင်းနဲ့အတူ ပထမဆုံးရာသီတွင် ဂိုး ၅၀ သွင်းယူရန် ရည်ရွယ်ထားကြောင်း ကြေငြာလိုက်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့အတူ သူ့ရဲ့နောက်ဆုံးရာသီမှာ သွင်းဂိုး ၄၄ ဂိုးနဲ့ ပံ့ပိုးဂိုး ၁၀   ဂိုး ဖန်တီးခဲ့တဲ့ အမ်ဘာပေ ဟာ ရီးယဲလ် နဲ့ သူ့ရဲ့ပွဲဦးထွက်ရာသီမှာ ပိုလို့တောင် အထင်ကြီးစရာကောင်းလာဖို့ မျှော်လင့်နေပါတယ်။

“ကျွန်တော်တို့ ရီးယဲလ်မှာ ရှိနေပါတယ်၊ ကျွန်တော်တို့အသင်းမှာ အကန့်အသတ်မရှိသလို၊ ကျွန်တော့်မှာလည်း အကန့်အသတ်မရှိပါဘူး။ ကျွန်တော် ဂိုး ၅၀ သွင်းနိုင်ရင် ၅၀ ပေါ့။ ဒါပေမဲ့ အရေးကြီးဆုံးက အသင်းလိုက် အနိုင်ရဖို့နဲ့ တိုးတက်ဖို့ပါ၊ ဘာလို့ဆို အသင်းတစ်သင်းအနေနဲ့ အနိုင်ရဖို့မို့ပါ”

“ဒီညက ကောင်းမွန်တဲ့ညပါပဲ။ ဒီအချိန်ကို စောင့်နေတာကြာပြီ၊ ဒီအင်္ကျီနဲ့ ဒီတံဆိပ်နဲ့ ဒီပရိသတ်တွေအတွက် ကစားဖို့ စောင့်နေခဲ့တာပါ။ ကျွန်တော့်အတွက် ကောင်းမွန်တဲ့ အချိန်ပါပဲ။” ဟု အမ်ဘာပေက ပြောကြားခဲ့ပါတယ်။

“ဒီမှာ ကျွန်တော်တို့ ရာထူးအဆင့်နေရာတိုင်းမှာ အကောင်းဆုံးတွေ ရှိပါတယ်။  ကျွန်တော် အသင်းတစ်သင်းလုံးနဲ့ ကစားရတာ ပျော်ပါတယ်၊ ကျွန်တော်တို့သေချာပေါက်ပိုကောင်းလာမှာပါ၊ ကျွန်  တော်ကတော့ အရင်ဆုံးပေါ့၊ ဒီနေ့ကလည်း အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခုပါပဲ။” လို့ လည်း ပြောကြားခဲ့ပါတယ်။

အမ်ဘာပေဟာ ဘရာဇီးလ်လက်ရွေးစင် ဗီနီစီယက်စ်ဂျူနီယာနဲ့ ရိုဒရီဂိုတို့ နံဘေးတွင် ဗဟိုတိုက်စစ်မှူးအဖြစ် ပါဝင်ကစားခဲ့တာ ဖြစ်ကြောင်းလည်း တင်ပြလိုက်ရပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments