ရီးယဲလ်အသင်း၏ ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ် (၂၂ နှစ်)သည် ၂၀၂၂-၂၃ ရာသီအတွက် အသင်း၏တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ကြောင်းသိရသည်။
ဗင်နီစီယပ်စ်သည် ပြီးခဲ့သည့်ရာသီက အသင်းအတွက်ပြိုင်ပွဲစုံ (၅၅)ပွဲကစားရာတွင် ဂိုးပါဝင်ပတ်သက်မှု (၄၅)ဂိုး (၂၃ ဂိုးသွင်း၊ ၂၂ ဂိုးဖန်တီး)အထိရှိခဲ့ပြီး အသင်း၏ အရေးပါဆုံးကစားသမားဖြစ်ခဲ့သည်။
ဗင်နီစီယပ်စ်သည် ရီးယဲလ်ကစားသမားဘဝ (၅)ရာသီအတွင်း အသင်းတစ်နှစ်တာအကောင်းဆုံးဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။







