ရိုးမားအသင်းတွင် ပုံမှန်နေရာရရှိရန် တိုက်ပွဲဝင်နေရသည့် တိုက်စစ်ကစားသမား ဇာနီိယိုလိုကို ဘရိုက်တန်အသင်း စိတ်ဝင်စားနေကြောင်း သိရသည်။

ဘရိုက်တန်အသင်းသည် အာဆင်နယ်အသင်းထံ လက်လွှတ်ခဲ့ရသည့် တိုက်စစ်ကစားသမား ထရိုဆက်ဒ်၏နေရာတွင် အစားထိုးရန် ဇာနီယိုလိုအား ပစ်မှတ်ထားနေခြင်းလည်းဖြစ်သည်။
ထို့ပြင် ကွင်းလယ်လူ မက်အယ်လစ္စတာနှင့် ကိုင်စီဒိုတို့ိကို ဆုံးရှုံးရဖွယ်ရှိနေသဖြင့် ဘရိုက်တန်အသင်းက ကစားသမားပြန်လည်အားဖြည့်ချင်နေကြောင်း သိရသည်။

ယခုအခါ ရိုးမားအသင်းထံဆက်သွယ်၍ ဇာနီယိုလိုအတွက် စုံစမ်းမေးမြန်းမှုများပြုလုပ်နေသည်။
ရိုးမားအသင်းသည် ဇာနီယိုလိုအတွက် ပြောင်းရွှေ့ကြေးယူရိုသန်း(၃၀)ခန့်အလိုရှိနေပြီး ဇာနီယိုလိုကို ခေါ်ယူလိုပါက ခေါ်ယူနိုင်ကြောင်း PSG အသင်းထံလည်း ကမ်းလှမ်းမှုများ ပြုလုပ်ထားကြောင်း သိရသည်။
အသက် (၂၃)နှစ်အရွယ် ဇာနီယိုလိုသည် လက်ရှိရာသီတွင် ရိုးမားအသင်းအတွက် (၁၃)ပွဲပါဝင်ကစားထားပြီး သွင်းဂိုး (၁)ဂိုးသာ သွင်းယူထားနိုင်သူဖြစ်သည်။






