ဂျေမီ ကာရေဂါ နဲ့ ဂယ်ရီနဗီးလ် တို့ဟာ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ဆော်ဒီ ကလပ် အယ်လ်နက်ဆာ အသင်းထံ ပြောင်းရွှေ့မှု ကို စိတ်မကောင်းစရာ အဆုံးသတ် တခုလို့ ပြောဆို သုံးသပ် သွားခဲ့ ကြပါတယ် ။


အသက် ၃၇ နှစ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီး ၁ လ ကျော် အကြာမှာ အယ်လ် နက်ဆာ အသင်းဆီ ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ ခဲ့တာပဲ ဖြစ်ပါတယ် ။






