Friday, January 16, 2026
spot_img
spot_img

ရိုင်းပျသောအပြုအမူအပါအဝင် စည်းမျဉ်းချိုးဖောက်မှုများကြောင့် ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်း အရေးယူခံရဖွယ်ရှိ

၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းအနေဖြင့် ရိုင်းပျသောအပြုအမူအပါအဝင် စည်းမျဉ်းချိုးဖောက်မှုများကြောင့် အရေးယူခံရဖွယ်ရှိနေကြောင်း သိရသည်။

အာဂျင်တီးနားအသင်းဂိုးသမား မာတီနက်ဇ်သည် ပြိုင်ပွဲ၏ အကောင်းဆုံးဂိုးသမား (ရွှေလက်အိတ်)ဆု လက်ခံရယူပြီးနောက် ယင်းဆုကိုကိုင်ကာ ခါးကိုရှေ့သို့ကော့၍ မဖွယ်မရာပုံစံ အောင်ပွဲခံခဲ့သလို ပြင်သစ်အသင်း တိုက်စစ်မှူး ဘာပေကိုရည်ရွယ်၍ လှောင်ပြောင်မှုများ ပြုလုပ်ခဲ့သောကြောင့် ဝေဖန်ပြစ်တင်မှုများခံခဲ့ရသည်။

ယခုအခါ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA) ကို စည်းကမ်းပိုင်းဆိုင်ရာ စည်းမျဉ်းအမှတ်(၁၁) ရိုင်းပျသောအပြုအမူနှင့် Fair Play စည်းမျဉ်းချိုးဖောက်မှု၊ စည်းမျဉ်း အမှတ်(၁၂) ကစားသမားများနှင့် တာဝန်ရှိသူများအပေါ် စီမံအုပ်ချုပ်ခြင်းပေါ့လျော့မှု၊ စည်းမျဉ်းအမှတ်(၄၄) စျေးကွက်မြှင့်တင်ရေးစည်းမျဉ်းချိုးဖောက်မှုဖြင့် အရေးယူရန် စွဲချက်တင်ထားကြောင်း သိရသည်။

FIFA အနေဖြင့် စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး အပြစ်ရှိကြောင်းထင်ရှားပါက ဒဏ်ကြေးနှင့် အခြားပြစ်ဒဏ်များ ချမှတ်ခံရဖွယ်ရှိနေသည်။ မာတီနက်ဇ်သည် အာဂျင်တီးနားအသင်း အောင်ပွဲခံရာတွင်လည်း ကလေးအရုပ်တွင် ဘာပေ၏မျက်နှာပုံ တပ်ဆင်၍ အောင်ပွဲခံခဲ့သဖြင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) က ကန့်ကွက်တိုင်ကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments