Tuesday, October 28, 2025
spot_img
spot_img

ရာသီသစ်အတွက် ပိုမိုပြင်ဆင်နိုင်ရန် အားလပ်ရက်လျှော့ချပြီး ဂျူဗင်တပ်စ်အသင်းနှင့် ပေါ့ဘာ စောစီးစွာ ပူးပေါင်းမည်

ဂျူဗင်တပ်စ်အသင်းမှ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် နွေရာသီအားလပ်ရက်ကို လျှော့ချပြီး ရာသီသစ်အတွက် ပိုမိုပြင်ဆင်နိုင်ရန် အသင်းနှင့် စောစီးစွာပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။ 

ပေါ့ဘာသည် ဇူလိုင်လ(၂)ရက်တွင် ဂျူဗင်တပ်စ်အသင်း၏ လေ့ကျင့်ရေးကွင်းဖြစ်သည့် Continassa သို့ လာရောက်ပူးပေါင်းရန်အတွက် အသင်းသို့ သတင်းပို့ထားပြီးဖြစ်ကြောင်း Corriere dello Sport က ဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့်နှစ် နွေရာသီက ဂျူဗင်တပ်စ်သို့ ပြန်ရောက်လာသည့် ပေါ့ဘာအနေဖြင့် ရာသီကြိုကာလမှာပင် ဒူးဒဏ်ရာ ရရှိခဲ့ပြီး ရာသီတစ်လျှောက်လုံး ဒဏ်ရာပြဿနာများက ဒုက္ခပေးခဲ့သည်။ 

၎င်းသည် ဂျူဗင်တပ်စ်အသင်းအတွက် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ (၁၀)ပွဲသာ ကစားခဲ့ရပြီး ပွဲကစားချိန်မှာလည်း (၁၆၁)မိနစ်သာ ရှိခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments