ပြင်သစ်နောက်ခံလူ တိုဒီဘိုဟာစနေနေ့က နိုက်စ်ကနေ တစ်ရာသီအငှားဖြင့် ဝက်စ်ဟမ်းသို့ ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ်ရာသိသစ်မစတင်မီ အင်္ဂလန်ကလပ်အတွက် ဗဟိုခံစစ်သမားသစ်ဖြစ်လာခဲ့ပါတယ်။
ဘာစီလိုနာမှာ အသက် ၁၉ နှစ်ကတည်းက ကစားခဲ့တဲ့ တိုဒီဘိုအတွက် စာချုပ်မှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ (ဒေါ်လာ ၄၃.၆ သန်း) နဲ့ ၂၀၂၅ ခုနှစ် ရာသီသစ်မှာ အပြီးသတ်ခေါ်ယူရန် ရွေးချယ်ခွင့်ပါရှိနေပါတယ်။
နောက်ထပ် ဗဟိုခံစစ်ကစားသမား ခေးလ်မန်းကလည်း ဝက်စ်ဟမ်းသို့ ဒေါ်လာ သန်း ၅၀ ဝန်းကျင်ဖြင့် ရောက်ရှိလာခဲ့ပြီး ဂျာမနီတိုက်စစ်မှူး ဖူလ်ခက် အပြင် အခြားကစားသမား ၄ ဦးတို့နှင့်အတူ ရောက်ရှိလာခဲ့ပါတယ်။

ဝက်စ်ဟမ်းဟာ ဒေးဗစ်မိုယက်စ်နေရာတွင် လိုပတ်တီဂူကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခဲ့ပါတယ်။
“ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ကစားရတာက အိပ်မက်တစ်ခုဖြစ်လာပါပြီ”
“ဒါဟာ နည်းပြသစ်ရဲ့ လက်အောက်မှာ တကယ်တိုးတက်ချင်တဲ့ ရည်မှန်းချက်ကြီးကြီးမားမားရှိတဲ့ ကလပ်တစ်ခုမှာ ကျွန်တော့်အတွက် အံ့သြစရာကောင်းတဲ့ အခွင့်အရေးတစ်ခုပါ” လို့ ယခင်က ယူနိုက်တက်နှင့် ချိတ်ဆက်ခဲ့ဖူးပြီး ပြင်သစ်အသင်းတွင် ၂ ကြိမ်ကစားခဲ့ဖူးတဲ့ တိုဒီဘိုက ပြောကြားခဲ့ပါတယ်။
ဝက်စ်ဟမ်းရဲ့ အားကစားဒါရိုက်တာသစ်က တိုဒီဘိုကို ခေါ်ယူခြင်းဟာ ကလပ်ရဲ့ ဆွဲဆောင်မှုအားကို ပြသနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
“သူဟာ ဥရောပဘောလုံးလောကမှာ အထူးသဖြင့် ပြင်သစ်မှာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ မကြာသေးမီနှစ်များအတွင်း ထွန်းတောက်လာခဲ့တဲ့ လီဂူးဝမ်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သူ့ရဲ့ အရည်အသွေးအားလုံးကို ပြသခဲ့ပါတယ်”
“ဒီနွေရာသီမှာ သူ့ကိုခေါ်ယူဖို့အတွက် ဥရောပတစ်ဝှမ်းက အသင်းကြီးတွေအားလုံးက စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်” လို့ အားကစားဒါရိုက်တာကပြောကြားခဲ့ပါတယ်။