Friday, March 13, 2026
spot_img
spot_img

ရပ်ရှ်ဖို့ မပါတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရင်ဆိုင််ရမဲ့အပေါ် အကောင်းဆုံး မှတ်ချက်ပေးလိုက်တဲ့ ဆီဗီလာ နည်းပြ မန်ဒီလီဗာ

ဆီဗီလာ အသင်းရဲ့ နည်းပြ ဖြစ်သူ ဟိုဆေး လူးဗစ် မန်ဒီလီဗာ က ဒဏ်ရာ ရရှိသွားခဲ့တဲ့ ယူနိုက်တက် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ နေရာကို အစားဝင်လာမယ့်သူဟာ အင်္ဂလန်သားလိုပဲ ကစားသမားကောင်း ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင််း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ဂိုးတွေ အများကြီး သွင်းယူပေးထားခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ပြီးခဲ့တဲ့ ရက်ပိုင််းက ယူနိုက်တက်တို့ အဲဗာတန် အသင်းကို 2 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်မှာ ပေါင်ခြံ ဒဏ်ရာ ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ ဒဏ်ရာ ရရှိခဲ့တဲ့နောက် ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က သူ့ရဲ့ ကစားသမား ဖြစ်သူဟာ ပွဲကစားပေးခွင့် အနည်းငယ် လွဲချော်လိမ့်မယ်လို့ ပြောကြားခဲ့ပြီး အမြန်ဆုံးပြန်လာနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြောင်းပါ ပြောခဲ့ပါသေးတယ် ။ ဒါပေမဲ့ သူနဲ့ ပတ်သက်လို့ တိကျတဲ့ သတင်းတော့ ထွက်မလာသေးပါဘူး ။

မနေ့က ထွက်ပေါ်ခဲ့တဲ့ သတင်းတစ်ရပ်ကတော့ သူဟာ အချိန် 3 ပါတ်ခွဲလောက် အနားယူရနိုင်ဖွယ် ရှိနေတယ်လို့ သိခဲ့ရပြီး အဲရစ် တန်ဟတ် ကိုယ်တိုင် ကလည်း အင်္ဂလန်သားဟာ ဒီနေ့ညမှာ ကစားရမယ့် ဆီဗီလာ အသင်းနဲ့ ယူရို ပါလိဂ် ပွဲစဥ်မှာ ပါဝင်နိုင်မှာ မဟုတ်သေးကြောင်း အတည််ပြု ပြောကြားခဲ့ပါသေးတယ် ။

အဆိုပါ နေရာမှာတော့ ယူနိုက်တက် တိုက်စစ်မှ မာရှယ် (သို့) ဝဂ်ဟော့စ် တို့ line up ထဲ ပြန်လည်ပါဝင်လာဖို့ ရှိနေပါတယ် ။ ဒါပေမဲ့ ဆီဗီလာ နည်းပြ မန်ဒီလီဗာ က ရပ်ရှ်ဖို့ ရဲ့ နေရာကို ဝင်လာမယ့်သူက သူ့လိုပဲ ကစားသမားကောင််း ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပွဲမတိုင်မီ သတင််းစာ ရှင်းလင်းပွဲမှာ ပြောခဲ့လိုက်ပါတယ် ။

” နိုးပါ ၊ ရပ်ရှ်ဖို့ မရှိတာက ဘယ်အရာကိုမှ ပြောင်းလဲစေမှာ မဟုတ်ပါဘူး ။ အကယ်လို့ ကျွန်တော်တို့ အသင်းရဲ့ ခံစစ််မှူးတွေဟာ ရပ်ရှ်ဖို့ ဒါမှမဟုတ် အခြားသူကစားရင် သူတို့ အတွက်ပဲ ခြားနားသွားမှာပါ ။ ကျွန်တော့်တို့ အတွက်တော့ ခြားနားသွားဖို့ ရှိမနေပါဘူး ”

” ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်တော်တို့ ဒီဒဏ်ရာအကြောင်းကို သိခဲ့ကြရပါတယ် ။ ဒါပေမဲ့ အဲ့တာကြောင့် ကျွန်တော်တို့ရဲ့ နည်းစနစ်ပိုင်းက ဘယ်နေရာမှ ပြောင်းလဲသွားဖို့ ရှိမနေပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ နေရာကို အစားထိိုး ဝင်ရောက်လာမယ့် ကစားသမားက အံ့ဖွယ် ဖြစ်နေမှာ ကျွန်တော်တို့ သိထားလို့ပါပဲ ”

” သူဟာ တိုက်စစ်မှူး အဖြစ် ကစားခဲ့သူပါ ။ ဒါပေမဲ့ သူ့ရဲ့ နေရာမှာ တိုက်စစ်မှူး အဖြစ် ကစားပေးနိုင်တဲ့ နောက်ထပ်် ကစားသမားကောင်းတွေရှိနေတာ ကျွန်တော်တို့သိကြပါတယ် ။ ရပ်ရှ်ဖို့ နေရာကို ဝင်လာတဲ့သူတိုင်းက သူ့လောက်နီးနီး ကောင်းနေမှာပါပဲ ” လို့ မန်ဒီလီဗာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments