Saturday, September 13, 2025
spot_img
spot_img

ယူနိုက်တက်မှ ထွက်ခွာခွင့်ရဖို့တောင်းဆိုထားတဲ့ ဆန်ချို

ပြီးခဲ့တဲ့အပတ်က ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ရာသီအဖွင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်အတွက်ပါဝင်ကစားခွင့်မရခဲ့ဘဲ လူစာရင်းမှချန်လှပ်ခံခဲ့ရတဲ့ ဂျေဒန်ဆန်ချိုဟာ အသင်းကနေထွက်ခွာခွင့်ရဖို့ တောင်းဆိုမှုပြုလုပ်ထားတယ်လို့သိရပါတယ်။ 

လွန်ခဲ့တဲ့ ၁ ခန့်က မန်နေဂျာအဲရစ်တန်ဟက်နဲ့ လူသိရှင်ကြားပြဿနာတက်ခဲ့တဲ့ဆန်ချိုဟာ ထိုစဉ်က ယူနိုက်တက်ရဲ့ ပထမအသင်းလူစာရင်းကနေထုတ်ပယ်ခံခဲ့ရပြီး ဇန်ဝါရီလမှာတော့ အသင်းဟောင်းဒေါ့မွန်သို့ အငှားစာချုပ်နဲ့ ထွက်ခွာခဲ့ပါတယ်။ တောင်ပံကစားသမားဟာ ယခုနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး အသင်းရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ခဲ့တာကြောင့် တန်ဟက်နဲ့ ပြေလည်မှုရရှိခဲ့ပုံရပါတယ်။ 

သို့သော်လည်း နယ်သာလန်သားဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ဆန်ချိုကို အသင်းရဲ့လူစာရင်းကနေ ဆက်လက်ချန်လှပ်ထားခဲ့တာကြောင့် သူတို့ ၂ ယောက်အကြား ဆက်ဆံရေးအခြေအနေဟာ သံသယဝင်စရာဖြစ်လာပြန်ပါတယ်။ ဖူလ်ဟမ်နဲ့ပွဲအပြီးမှာ‌တော့တန်ဟက်က ဆန်ချိုအစား အခြားကစားသမားတွေကိုအသုံးပြုဖို့ ပိုမိုသင့်တော်တာကြောင့် ဆန်ချိုကို ချန်လှပ်ခဲ့တာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။

ယခုအခါမှာတော့ အင်္ဂလန်သားဟာ ယူနိုက်တက်ကနေထွက်ခွာခွင့်ရဖို့ တောင်းဆိုထားပြီး ဂျူဗင်တပ်စ်နဲ့ ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ ချဲလ်ဆီးအသင်းကလည်း ဆန်ချိုကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းဖော်ပြခဲ့ပေမယ့် လက်ရှိအချိန်မှာတော့  ဂျူဗင်တပ်စ်က ပိုမိုခြေလှမ်းသွက်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ တောင်ပံကစားသမားကိုရောင်းချဖို့ တန်ကြေးကို ပေါင်သန်း ၄၀ အထိသတ်မှတ်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ယူနိုက်တက်ရဲ့ ‌တောင်ပံ ၂ ဖက်အတွက် တန်ဟက်ဟာ မားကက်စ်ရက်ရှ်ဖို့ဒ်နဲ့ အာမက်ဒီယာလိုတို့ကို အသုံးပြုခဲ့ပြီး ဂါနာချိုကိုလည်း အရန်ကစားသမားအဖြစ်ပါဝင်ကစားစေခဲ့ပါတယ်။ စနေနေ့ည ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ‌တော့ နယ်သာလန်သားအနေနဲ့ တူညီတဲ့လူစာရင်းနဲ့ပွဲထုတ်လာမလား စောင့်ကြည့်သွားရပါမယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments