Wednesday, March 4, 2026
spot_img
spot_img

ယူနိုက်တက်မှာအောင်မြင်လိုပါက ရုန်းကန်ဖို့လိုအပ်တယ်လို့ ရက်ရှ်ဖို့ဒ်ကိုသတိပေးလိုက်တဲ့ ဒါလော့

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒီယေဂိုဒါလော့က မန်စီးတီးကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ အသင်းရဲ့လူစာရင်းမှချန်လှပ်ခံခဲ့ရတဲ့ အသင်းဖော်မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အိုးလ်ထရက်ဖို့ဒ်မှာ အောင်မြင်မှုရရှိလိုပါက ခက်ခက်ခဲခဲရုန်းကန်ဖို့လိုအပ်ကြောင်း သတိပေးပြောကြားလာခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ ရက်ရှ်ဖို့ဒ်ကိုသာမက တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကိုပါ အကြောင်းပြချက်မရှိ အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ ဒါလော့က “ဒီအသင်းမှာအောင်မြင်ချင်တယ်ဆိုရင်တော့ နာကျင်မှုတွေနဲ့ကြုံတွေ့ပြီး ကြိုးစားရုန်းကန်သွားဖို့လိုပါတယ်။ ဒီလိုတွေကြိုးစားဖို့အတွက် အဆင်သင့်ရှိနေတယ်ဆိုရင် အသင်းကောင်းဖြစ်အောင် တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ ယူနိုက်တက်မှာနေရာရမှာမဟုတ်ပါဘူး”

“ဒီအသင်းကိုစရောက်ကတည်းက ရှင်းလင်းတဲ့အချက်တစ်ခုရှိပါတယ်။ အသင်းမှာပုံမှန်နေရာရချင်ရင် ပြင်းပြင်းထန်ထန်ရုန်းကန်သွားရပါမယ်။ ဘောလုံးမှာမှ ဒီလိုမဟုတ်ပါဘူး။ ဘဝမှာလည်း ကြိုးစားရုန်းကန်ရတာပါပဲ။ အောင်မြင်မှုရဖို့ဆိုရင် အလုပ်ကြိုးစားရမှာ သဘာဝပါပဲ။ နည်းပြအသစ်နဲ့အတူ ကျွန်တော်တို့ ခြေလှမ်းတစ်လှမ်းချင်းလှမ်းပြီး တိုးတက်အောင်ပြုလုပ်နေကြပါတယ်။ ရောက်ချင်တဲ့နေရာကို တစ်လှမ်းချင်းလှမ်းသွားရပါမယ်။

ဒါက အချိန်တော့ပေးရမှာသေချာပါတယ်။ မကြာသေးမီနှစ်တွေမှာလည်း အခုမန်စီးတီးကိုအနိုင်ရခဲ့တဲ့ပွဲမျိုး မကြာခဏကြုံတွေ့ခဲ့ရဖူးပါတယ်။ အရှုံးမပေးဘဲ အဆုံးထိတိုက်ပွဲဝင်တယ်ဆိုတာ ယူနိုက်တက်ရဲ့ ဒီအင်န်အေပါပဲ။ ရှုံးနေတဲ့အချိန်မှာတောင် စိတ်ခံစားချက်တွေကိုထိန်းချုပ်ပြီး ကျွန်တော်တို့ရဲ့ စရိုက်လက္ခဏာကိုပြသနိုင်ခဲ့ပါတယ်။ ဒီလိုတိုးတက်မှုမျိုးကို အသင်းမှာမြင်တွေ့နေရတာကြာပါပြီ။ မန်စီးတီးလိုအသင်းကို နောက်ကနေလိုက်ကစားခဲ့ရတာ အတော်လေးခက်ခဲခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Dalot warns Rashford he needs to work hard to succeed at Man Utd

မန်စီးတီးနဲ့ပွဲစဉ်မှာ ယူနိုက်တက်ဗဟိုခံစစ်မှူး ဟယ်ရီမက်ဂွါရီကလည်း အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး အင်္ဂလန်သားဟာ အာမိုရင်ရဲ့ နောက်တန်း ၃ ယောက်တွဲခံစစ်အတွက် ပြီးပြည့်စုံတဲ့နောက်ခံလူဖြစ်လာဖို့ အလားအလာရှိနေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ မက်ဂွါရီကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်နေထိုင်ခွင့်ရဖို့ရှိနေပါတယ်။

မက်ဂွါရီက “ကလပ်ရဲ့ရွေးချယ်မှုနဲ့အတူ ဒီနှစ်မှာတော့ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခွင့်ရှိနေပါသေးတယ်။ အခုချိန်မှာ စာချုပ်သစ်အတွက်ဆွေးနွေးမှုတွေပြုလုပ်နေပြီး သက်တမ်းတိုးနိုင်ဖို့ အလားအလာကောင်းတွေရှိနေပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နည်းပြသစ်အာမိုရင်ကို လေးစားမိကြောင်းကိုလည်း အသက်-၃၁ နှစ်အရွယ်ကစားသမားက “ကျွန်တော်တို့အသင်းမှာ အရမ်းကောင်းတဲ့ဖွဲ့စည်းပုံရှိနေပါတယ်။ ကစားပုံကောင်းကောင်းလည်းရနေပါပြီ။ နည်းဗျူဟာအရဆိုရင် အာမိုရင်က ပြီးပြည့်စုံတဲ့နည်းပြတစ်ယောက်ပါ။ သူ အသင်းကိုရောက်တာ ၁ လပဲရှိသေးပေမယ့် ကျွန်တော်တို့သွားချင်တဲ့နေရာကိုပို့ပေးနိုင်ဖို့ အလားအလာကောင်းတွေမြင်တွေ့ထားရပါတယ်” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments