မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာ ယူရို ပါလိဂ် ကွာတား ဖိုင်နယ် အဆင့်ရဲ့ ပထမ အကျော့ ပွဲစဥ်အဖြစ် အိုးလ် ထရပ်ဖို့ဒ်မြေမှာ ဆီဗီလာ အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး တစ်ဖက် နှစ်ဂိုးစီ သရေ ရလဒ်သာ ရယူသွားနိုင်ခဲ့ပါတယ် ။
ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ ရပ်ရှ်ဖို့ မပါဝင်နိုင်တဲ့ တိုက်စစ်မှာ ဆန်ချို ၊ မာရှယ် နဲ့ အန်တိုနီ တို့ကို ထည့်သွင်းကစားစေခဲ့ပြီး တော်မီနေး နာနေတဲ့ ကွင်းလယ်မှာ ဘရူနို ၊ ဆာဗစ်ဇာ နဲ့ ကာစီမီရို တို့ ပွဲထွက် ကစားစေခဲ့ပါတယ် ။

ခံစစ်မှာတော့ မာလာစီယာ ၊ မာတီနက်ဇ် ၊ ဗာရန်း နဲ့ ဘစ်ဆာကာ တို့ကို ထည့်သွင်းခဲ့ပြီး ဂိုးနေရာမှာ ဒီဂီယာ ကို ပွဲထုတ််ခဲ့ပါတယ် ။ ဒီပွဲမှာတော့ ပွဲစစချင်း ယူနိုက်တက်တို့ ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ လူကျွံဘော ဖြစ်ခဲ့ရပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 14 နဲ့ 21 မိနစ်တွေမှာ ဘရူနို ၊ မာရှယ် တို့ရဲ့ ဖန်တီးမှုတွေကို ဆာဗစ်ဇာ က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ် ။
အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်း စစချင်း တန်ဟတ်ဟာ ဗာရန်း ရဲ့ နေရာမှာ မက်ဂွားယား ကို ထည့်သွင်းခဲ့ပါတယ် ။ ဒါ့အပြင် 62 မိနစ်မှာ ဘရူနို ၊ မာရှယ် နဲ့ ဆန်ချို တို့တွေကို အနားပေးခဲ့ပြီး အဲရစ်ဆင် ဝဂ်ဟော့စ် နဲ့ အီလန်ဂါ တို့ကို ထည့်သွင်းခဲ့သလို 81 မိနစ်မှာ အန်တိုနီ ရဲ့ နေရာကို ပယ်လီစထရီ ဝင်ရောက် ကစားခဲ့ပါတယ် ။
အဲ့ဒီနောက် 3 မိနစ် အကြာမှာပဲ မာလာစီယာကြောင့် ယူနိုက်တက်တို့ own goal ပေးခဲ့ရပါတယ် ။ အဲ့ဒီနောက် 86 မိနစ်မှာ မာတီနက်ဇ် ဟာ သူ့ဟာသူ ပြေးရင်း ဒဏ်ရာရရှိခဲ့ပြီး လူစားလဲမှု 5 ကြိမ် ပြည့်မြောက်ခဲ့ပြီ ဖြစ်တာကြောင့် ယူနိုက်တက်တို့ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ် ။

အဲ့ဒီနောက် သာမန် ပွဲကစားချိန် ပြီးလို့ နာကျင်ချိန်ပို 3 မိနစ် အရောက်မှာ ဟယ်ရီ မက်ဂွားယား ကြောင့် ယူနိုက်တက်တို့ နောက်တစ်ဂိုး ပေးခဲ့လိုက်ရပါတယ် ။ ယူနိုက်တက် တို့ရဲ့ ပေးဂိုး နှစ်ဂိုးလုံးဟာ ကစားသမားတွေနဲ့ မတော််တဆ ထိပြီး လမ်းကြောင်း ပြောင်းသွားတာကြောင့် ပေးခဲ့ရတာချည်း ဖြစ်ခဲ့ရပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ ယူနိုက်တက်တို့ကတော့ ဒီပွဲစဥ်မှာ ပထမပိုင်း နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့သလို 4 ဂိုးလုံး သွင်းယူပြီး သရေရလဒ်သာ ရရှိခဲ့တာက ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။ ဒုတိယ အကျော့မှာတော့ ယူနိုက်တက်တို့ စပိန်မြေမှာ အခုထက် ပိုပြီး ကြိုးစားရပါတော့မယ် ။

ပထမ အကျော့မှာ own goal နှစ်လုံးကြောင့် သရဲနီ ပရိသတ််တွေ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတဲ့ ပွဲစဥ်မှ MEN မှ သတ်မှတ်ပေးလိုက်တဲ့ ယူနိုက်တက် ကစားသမားတွေရဲ့ Rating တွေကို ဖော်ပြပေးလိုက်ပါတယ် ။
ဒီဂီယာ (6)
ဘစ်ဆာကာ (7)
ဗာရန်း (7)
မာတီနက်ဇ် (7)
မာလာစီယာ (5)
ကာစီမီရို (6)
ဘရူနို (7)
ဆာဗစ်ဇာ (8)
အန်တိုနီ (7)
မာရှယ် (7)
ဆန်ချို (8)
လူစားဝင် ကစားသမားများ…
မက်ဂွားယား (6)
အဲရစ်ဆင် (6)
အီလန်ဂါ (6)
ဝဂ်ဟော့စ် (6)
ပယ်လီစထရီ (7)






