မန်ချက်စတာ ယူနိုက်တက် ဟာ အိမ်ကွင်းမှာ ရှရစ် အသင်းကို ၃-၀ နဲ့ အနိုင် ကစားပြီး ရှုံးထွက် အဆင့် အတွက် လုံလောက် သွားခဲ့ ပါတယ် ။ ဒါပေမယ့် အုပ်စု ပထမ နေရာ ရဖို့ ဆိုရင်တော့ နောက်ဆုံးပွဲမှာ ဆိုဆီဒက် ကို အဝေးကွင်းမှာ အနိုင် ကစားဖို့ လိုအပ် နေဦးမှာပါ ။

ယူနိုက်တက် အတွက် ဂိုးတွေ ကိုတော့ ဒါးလော့ ၊ ရိုနယ်ဒို နဲ့ ရက်ဖိုဒ့် တို့က သွင်းယူပေးခဲ့ ကြပါတယ် ။

နောက်တဆင့် တက်ထားပြီး ဖြစ်တဲ့ အာဆင်နယ် ကတော့ နယ်သာလန် မြေပေါ်မှာ PSV ကို ၂-၀ နဲ့ အရေးနိမ့် သွားခဲ့ ပါတယ် ။ ဒါကြောင့် အုပ်စု နောက်ဆုံးပွဲမှာ သူတို့ ဇူးရစ် ကို အနိုင် ယူဖို့ ( အဆင့် ၁ နေရာမြဲဖို့ အတွက် ) လိုအပ် လာခဲ့ပါပြီ ။

အခြားအုပ်စုတွေ မှာတော့ ဖီနာဘာချီ နဲ့ ရင်းနစ် ၊ ရီးရဲဘက်တစ် ၊ ယူနီယံ စိန့်ဂီလွိုက်စ် ၊ ဖရိုင်းဘတ် ၊ ဖီရန်ဗားရိုစ့် အသင်းတွေဟာ ရှုံးထွက် အဆင့်ကို တက်လှမ်း နိုင်ခဲ့ကြပြီ ဖြစ်ပါတယ် ။






