Monday, November 10, 2025
spot_img
spot_img

ယခုနွေရာသီအတွင်း အသင်းကစားသမားဟောင်းများ၏ အပြောင်းအရွှေ့များမှ ငွေကြေးအကျိုးအမြတ်များရရှိနိုင်ရန် ဘာစီလိုနာအသင်းမျှော်လင့်နေ

ဘာစီလိုနာအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းကစားသမားဟောင်းများ၏ အပြောင်းအရွှေ့များမှ ငွေကြေးအကျိုးအမြတ်များရရှိနိုင်ရန်မျှော်လင့်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် (၃)ရာသီအတွင်း တိုဒီဘို၊ ကော်တင်ဟို၊ မယ်လ်ကွန်၊ ဂျက်ဂလာ၊ မိုရီဘာအစရှိသည့် ကစားသမား (၅)ဦးအားရောင်းချရာတွင် ခေါ်ယူသည့်အသင်းများအနေဖြင့် တစ်ချိန်ချိန်၌ ယင်းကစားသမားများအား ပြန်လည်ရောင်းချခဲ့ပါက ရာခိုင်နှုန်းအလိုက်ငွေကြေးအကျိုးအမြတ်များပေးချေစေရန် သဘောတူညီမှုရယူထားနိုင်ခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းအနေဖြင့် နိုက်စ်နောက်ခံလူ တိုဒီဘိုအား ရောင်းချခြင်းမှ ရောင်းရငွေ၏ (၂၀ %) ၊ အက်စတွန်ဗီလာတောင့်ပံကစားသမား ကော်တင်ဟိုအားရောင်းချခြင်းမှ (၅၀%)၊ ဇင်းနစ်တောင်ပံကစားသမား မယ်လ်ကွန်အားရောင်းချခြင်းမှ (၇.၅%)၊ ကလပ်ဘရုဂေးတိုက်စစ်မှူး ဂျက်ဂလာအား ရောင်းချခြင်းမှ (၁၀%)နှင့် လိုက်ပ်ဇစ်အသင်းကွင်းလယ်လူ မိုရီဘာအား ရောင်းချခြင်းမှ (၁၀%)စီအသီးသီးရရှိသွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ယင်းကစားသမား (၅)ဦးစလုံးမှာ သက်ဆိုင်ရာကလပ်အသင်းများနှင့် အနာဂတ်မတည်မငြိမ်ဖြစ်နေပြီး၊ အသင်းမှထွက်ခွာရန် နီးစပ်နေကြေရာ ဘာစီလိုနာအသင်းအနေဖြင့် ငွေကြေးအကျိုးအမြတ်များ ရရှိနိုင်ရန် မျှော်လင့်နေခြင်းဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဘာစီလိုနာအသင်းအနေဖြင့် လက်ရှိတွင်ဘဏ္ဍာရေးစည်းမျဉ်းဟန်ချက်ညီစေရန်အတွက် အသင်း၏ကစားသမားအချို့အားရောင်းချရန် စီစဉ်နေသလို၊ ယခုကဲ့သို့ ကစားသမားဟောင်းများ၏ အပြောင်းအရွှေ့များမှလည်း အနည်းဆုံးယူရိုသန်း (၅၀)နီးပါး ရရှိနိုင်ရန် မျှော်လင့်နေကြောင်း Football Espana က ဖော်ပြခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments