ဂန်းနား ဂန္တဝင်ဟောင်း အီမန်နျူရယ် ပီတစ် ကတော့ အာဆင်နယ် အသင်းမှာ တော့တင်ဟမ် အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ကို မြင်တွေ့ချင်ကြောင်း DAZNBet မှာ ပြောကြား သွားခဲ့ပါတယ် ။ ” ကျနော် ကတော့ ဟယ်ရီကိန်း ကို အာဆင်နယ် အသင်းမှာ မြင်တွေ့ ချင်ပါတယ် ။ ဒီလို ပြောလို့ တချို့တွေ ရယ်ကြမယ်ဆိုတာ ကျနော် သိပါတယ် ။ ”
” ဒါပေမဲ့ သူက ကစားသမား ဘဝ ကို အာဆင်နယ် အသင်းမှာ စတင် ခဲ့တာပါ ၊ ကစားသမား တိုင်းက သူတို့ အနားယူ တဲ့ အခါမှာ သူတို့ ဘာအောင်မြင်မှုတွေ ရယူ နိုင်ခဲ့သလဲ ပြန်ပြောင်း တွေးတတ်ကြပါတယ် ၊ ပရိသတ်တွေ အားလုံးက ဟယ်ရီကိန်း ကို တကယ်ကောင်းတဲ့ တိုက်စစ်မှူး အဖြစ် အမှတ် ရနေကြမယ်ဆိုတာ သေချာပါတယ် ။ ”

” ဒါပေမဲ့ ကျနော် သေချာပေါက် ပြောနိုင်တာ တစ်ခုကတော့ သူ ဆုဖလား အောင်မြင်မှုတွေ မရတဲ့ အပေါ် စိတ်ကုန် နေပြီဆိုတာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်း ရဲ့ အမာခံပရိသတ် တစ်ဦး ဖြစ်တဲ့ အစီအစဉ် တင်ဆက်သူ ပီယာစ့်မော်ဂန် ကလည်း တိုက်စစ်မှူး နေရာ အတွက် နာပိုလီ တိုက်စစ်မှူး အိုဆီမန်း ကို ခေါ်ယူဖို့ အကြံပေး ခဲ့ဖူးပါတယ် ။ ” ဒက်ကလန်ရိုက်စ် ပြိုင်ပွဲမှာ အာဆင်နယ် အသင်း အနိုင် ရသွားတာကို မြင်ရတာ သိပ်ကောင်းပါတယ် ။ သူက အသင်းအတွက် သိပ်ကိုမှ ကောင်းမွန်တဲ့ အင်အား ဖြည့်တင်းမှု ဖြစ်စေမှာ အသေအချာပါပဲ ။ ”

” ဒါပေမယ့် ကျနော်တို့ အနေနဲ့ ဆုဖလား အောင်မြင်မှုတွေ ကြီးကြီးမားမား ရယူချင်တယ်ဆိုရင်တော့ တစ်ရာသီကို ၂၅ ဂိုး နှင့် အထက် သွင်းနိုင်တဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးမျိုး ခေါ်ဖို့ လိုအပ်ပါတယ် ။ ကျနော် သာဆို အိုဆီမန်း အတွက် ငွေပုံအော သုံးပစ်မှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။