Saturday, September 13, 2025
spot_img
spot_img

မြန်မာ Golf Tour ပြင်ဦးလွင်ပွဲစဉ်တွင်လှမျိုး ဗိုလ်စွဲ

မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာ ပီဂျီအေတို့ ပူးပေါင်းစီစဉ်ကျင်းပလျက်ရှိသော
မြန်မာပြည်တွင်း ပတ်လည်ဂေါက်ရိုက် ပြိုင်ပွဲ၏ ပ ဉ္စမမြောက်ပွဲစဉ်အဖြစ် ပြီးခဲ့သည့်
ဩဂုတ်လ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြင်ဦးလွင်မြို့ ပြင်ဦးလွင်ဂေါက်ကွင်းတွင်
ကျင်းပပြုလုပ်ခဲ့ရာလှမျိုးက စုစုပေါင်းရိုက်ချက် ၂၈၃ ချက်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ပြိုင်ပွဲတွင် ပရော်ဖက်ရှင်နယ်၊ အပျော် တမ်းနှင့် အမျိုးသမီးပြိုင်ပွဲများ ပါ၀င်ခဲ့ပြီး
အမျိုးသမီးပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၂၆ ချက်ဖြင့် မေဦးခိုင်က ပထမ၊ စုစုပေါင်း
ရိုက်ချက် ၂၂၈ ချက်ဖြင့် ယဉ်မေမျိုးက ဒုတိယ၊ စုစုပေါင်းရိုက်ချက် ၂၃၅ ချက်ဖြင့် ခင်မာနွယ်က
တတိယရရှိခဲ့သည်။ အပျော်တမ်းအဆင့် ပြိုင်ပွဲတွင် ကျော် သက်ဦးက စုစုပေါင်းရိုက်ချက်
၂၉၁ ချက်ဖြင့် ပထမဆုကိုရရှိခဲ့ပြီး ဇော်ဇော်ထွန်းက စုစုပေါင်းရိုက်ချက် ၂၉၅ ချက်ဖြင့်
ဒုတိယ၊ လှိုင်မင်းထက်က စုစုပေါင်းရိုက်ချက် ၂၉၆ ချက်ဖြင့် တတိယရရှိကြသည်။

ပရော်ဖက်ရှင်နယ်အဆင့် ပြိုင်ပွဲတွင် လှမျိုးက စုစုပေါင်းရိုက်ချက် ၂၈၃ ချက်ငါးချက်လျော့ဖြင့်
ပထမ၊ နိုင်နိုင်လင်းက စုစုပေါင်းရိုက်ချက် ၂၈၄ ချက် ၄ ချက်လျော့ ဖြင့် ဒုတိယ၊ ဘိုဘိုက
စုစုပေါင်းရိုက်ချက် ၂၈၇ ချက် တစ်ချက်လျော့ဖြင့် တတိယဆု တို့ကို ရရှိခဲ့ကြသည်။
၂၀၁၅ ခုနှစ် ဧပြီလက စတင်ကျင်းပ ခဲ့သော မြန်မာပြည်တွင်းပတ်လည် ဂေါက် ရိုက်ပြိုင်ပွဲကို
ဒီဇင်ဘာလအထိ ပွဲစဉ်ကိုးပွဲ ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ လက်ရှိ တွင် ငါးပွဲအထိ
ကျင်းပပြီးခဲ့ပြီဖြစ်သည်။ပွဲစဉ် ငါးပွဲအပြီး ဆုကြေးစာရင်းတွင် ဇော်ဇော်လတ်က စုစုပေါင်း
ဆုကြေးငွေ ၉,၄၉၅,၀၀၀ ကျပ်ဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာတွင် သိန်းဇော်မြင့်က
ဆုကြေး ငွေ ၈,၃၃၃,၀၀၀ ကျပ်၊ တတိယနေရာတွင် မျိုးဝင်းအောင်က ၆,၆၅၀,၀၀၀ ကျပ်ဖြင့်
အသီးသီးရပ်တည်နေကြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments