Saturday, November 8, 2025
spot_img
spot_img

မေဆန်မောင့်အတွက် ပေါင်သန်း(၅၀)ဖြင့် ကြေးတိုးမြှင့်ကမ်းလှမ်းရန် မန်ယူ စီစဉ်

မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန်မောင့်ကို ခေါ်ယူရန်အတွက် ပေါင်သန်း(၅၀)ဖြင့် ကြေးတိုးမြှင့်ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။

မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲရန် လိုလားနေသည့် မေဆန်မောင့်ကို ခေါ်ယူရန် ပစ်မှတ်ထားနေသော်လည်း ပထမအကြိမ်ကမ်းလှမ်းမှုကို ပေါင်သန်း(၄၀)ဖြင့် ပြုလုပ်ခဲ့သောကြောင့် ချက်ချင်းပယ်ချခံခဲ့ရသည်။

ထို့ကြောင့် ပေါင်သန်း(၅၀)ဖြင့် ထပ်မံကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းကမူ အနည်းဆုံးပေါင်သန်း(၇၀)ရရှိမှသာ လက်ခံဖွယ်ရှိကြောင်း သိရသည်။

မေဆန်မောင့်ကလည်း လစာနှုန်းထားကို တစ်ပတ်ပေါင်(၂၅၀၀၀၀)ရရှိရန် တောင်းဆိုထားကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments