Wednesday, October 29, 2025
spot_img
spot_img

မူဒရစ်ကို ရောင်းချခဲ့သည့် ပြောင်းရွှေ့ကြေးငွေထဲမှ ပေါင် (၂၂)သန်းကို ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းအတွက် ရှက်တာဒိုးနက် လှူဒါန်းမည်

ရှက်တာဒိုးနက်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ရီနတ်အက်ခ်မီတော့ဗ်က အသင်း၏ တောင်ပံကစားသမား မူဒရစ်ကို ရောင်းချခဲ့သည့် ပြောင်းရွှေ့ကြေးငွေထဲမှ ပေါင် (၂၂)သန်းကို ရုရှားနိုင်ငံနှင့် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ချယ်လ်ဆီးအသင်းသည် မူဒရစ်အား (၈)နှစ်ခွဲစာချုပ်၊ ပေါင် (၈၉) သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယူကရိန်းကစားသမားများထဲတွင် စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ကစားသမားလည်းဖြစ်လာခဲ့သည်။ အက်ခ်မီတော့ဗ်က ယခုလှူဒါန်းမှုသည် ကျဆုံးသွားသည့် ယူကရိန်းစစ်သားများ၏ မိသားစုဝင်များကို ကူညီသည့် ပရောဂျက်အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

အက်ခ်မီတော့ဗ်က “တိုင်းပြည် အတွက် အသက်ပေးကာကွယ်ပေးနေကြတဲ့ ယူကရိန်းစစ်သားတွေကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့ကတော့ ယူကရိန်းဘောလုံးလောကဟာ ယူကရိန်းတပ်မတော်ကို ဘယ်လောက်အထိ ကျေးဇူးတင်သလဲဆိုတာကို ပြသနိုင်ခဲ့တဲ့နေ့ပါပဲ။ မူဒရစ်ကို ရောင်းချရတဲ့အတွက် ကျွန်တော်တို့ ဝမ်းနည်းဝမ်းသာဖြစ်ရပေမဲ့ ဒီပြောင်းရွှေ့ကြေးငွေထဲက ပြန်လည်လှူဒါန်းခွင့်ရခဲ့တာကတော့ ကျေနပ်စရာပါ”ဟု ဆိုခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments