Thursday, October 23, 2025
spot_img
spot_img

မိမိအသင်းမှာ ပြဿနာများစွာ ရှိနေပြီး တတ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းဖြင့် ပြင်ဆင်နေလျက်ရှိကြောင်း မန်ယူနည်းပြ တန်ဟက်ဂ် ဖွင့်ဟ

မန်ယူအသင်းနည်းပြ တန်ဟက်ဂ်က မိမိအသင်းတွင် ပြဿနာများစွာရှိနေပြီး တတ်နိုင်သမျှ အကောင်းဆုံးပြင်ဆင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ပဲလေ့စ်နှင့်ပွဲအပြီးတွင် မန်ယူဘောလုံးသမားဟောင်းအချို့က တန်ဟက်ဂ်အား ရာထူးမှ ထုတ်ပစ်ရန် တောင်းဆိုခဲ့ပြီး ပရိသတ်အများအပြားကလည်း လူမှုကွန်ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။  

အိုဝင်က တန်ဟက်ဂ်သည် မန်ယူနည်းပြရာထူးအတွက် သင့်လျော်သည့်သူမဟုတ်ဟု မှတ်ချက်ပြုခဲ့ပြီး  အိုဝင်ဟားဂရေ့ဗ်စ်နှင့် ပေါလ်စခိုးလ်တို့ကလည်း တန်ဟက်ဂ်ကို ချက်ချင်းထုတ်ပစ်ကာ လက်ထောက်နည်းပြ မက္ကလာရင်ကို ရာသီကုန် အထိ ယာယီတာဝန်ပေးသင့်ကြောင်း အကြံပြုခဲ့သည်။ မန်ယူပရိသတ်များသည် လူမှုကွန်ရက်မှတစ်ဆင့် တန်ဟက်ဂ်၏နေရာ၌ နည်းပြဟောင်း ဆိုးလ်ရှားနှင့် အစားထိုးရန် တိုက်တွန်းခဲ့ကြသည်။ ဆိုးလ်ရှားသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ရာထူးမှထုတ်ပယ်ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။  

အနာဂတ်နှင့်ပတ်သက်ပြီး မေးမြန်းရာတွင် တန်ဟက်ဂ်က ဒီအကြောင်း ကျွန်တော် မ တွေးထားပါဘူး။ ကျွန်တော်တို့မှာ ပြဿနာများစွားရှိပါတယ်။ ကျွန်တော်ဟာ တတ်နိုင်သလောက် အကောင်းဆုံးနည်းလမ်းနဲ့ အသင်းကို ပြင်ဆင်နေတာပါ။ ကျွန်တော် အာရုံစိုက်ထားတာ တစ်ခုပဲရှိပြီး အသင်းစွမ်းဆောင်ရည် ပိုကောင်းလာဖို့ပါပဲ”ဟု  ပြောကြားခဲ့သည်။ မန်ယူအသင်းသည် လက်ကျန် သုံးပွဲအလို၌ အမှတ်ပေးဇယား အဆင့် ၈နေ ရာတွင် ရပ်တည်နေပြီး ၂၀၁၃-၁၄ ရာသီက ပရီးမီးယားလိဂ်တွင် အဆိုးရွားဆုံးအဖြစ် အဆင့် ၇ သာ ရရှိပြီးနောက် ယင်းထက် မှတ်တမ်းမဆိုးရန် ရုန်းကန်ရတော့မည်ဖြစ်သည်။ 

“မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပိုကောင်းတဲ့ စွမ်းဆောင်ရည် ရှိသင့်ပါတယ်။  ပွဲမှာပါဝင်တဲ့ ကစားသမားတွေ အခုထက် ပိုကောင်းသင့်ပါတယ်။ အသင်းစွမ်းဆောင်ရည်က ကျွန်တော်တို့ မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး”ဟုလည်း တန်ဟက်ဂ်က ဝန်ခံခဲ့သည်။ ထို့ပြင် ၎င်းက ရလဒ်များ ဆိုးရွားနေသော်လည်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ 

မန်ယူအသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းကို ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် နှစ်ကျော့စလုံး အရေးနိမ့်ခဲ့ပြီး ယခုရာသီ ဂိုးအပြတ်ဆုံးရှုံးပွဲနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် ယခုရာသီတွင် အမှတ်ပေးရှုံးပွဲ ၁၃ ပွဲအထိ ရှိလာပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရှုံးပွဲမရှိအများဆုံးရာသီအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ မန်ယူအသင်းသည် နောက်ဆုံးကစားထားသည့် ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၁၀ မှတ်သာ ရရှိထားပြီး လက်ကျန် သုံးပွဲတွင် အာဆင်နယ်(အိမ်)၊ နယူးကာဆယ် (အိမ်)၊ ဘရိုက်တန်(အဝေး)အသင်းများနှင့် ကစားရမည်ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments