Saturday, September 13, 2025
spot_img
spot_img

မာဆေးလ်အသင်းသို့ ရောက်ရှိရန် နီးစပ်နေသည့် အူဘာမီယန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ခြောက်သန်း ဝန်းကျင်ရရှိရန်  ချယ်လ်ဆီးအသင်း အလိုရှိနေ

ချယ်လ်ဆီးအသင်းသည် ပြင်သစ်ထိပ်သီးကလပ် မာဆေးလ်အသင်းသို့ ရောက်ရှိရန် နီးစပ်နေသည့် ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်း၏အပြောင်းအရွှေ့မှ ယူရို ခြောက်သန်းဝန်းကျင်ခန့်ရရှိရန် အလိုရှိနေကြောင်း သိရသည်။

အသက် ၃၄ နှစ်အရွယ်ရှိ အူဘာမီယန်းသည် မာဆေးလ်အသင်းသို့ သုံးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားပြီး နှစ်သင်းအကြား ပြောင်းရွှေ့ကြေးညှိနှိုင်းရန်သာ ကျန်ရှိတော့သည်။ 

အူဘာမီယန်းအနေ ဖြင့် ၂၀၂၂ နွေရာသီက ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေး ယူရို ၁၂ သန်းဖြင့် ရောက်ရှိခဲ့ပြီး နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

သို့သော် လက်ရှိတွင် စာချုပ်သက်တမ်း တစ်နှစ်သာ မကျန်တော့သည့်အခြေအနေတွင် ချယ်လ်ဆီးအသင်းက အူဘာမီယန်းနှင့် လမ်းခွဲရန် သေချာနေသော်လည်း ပြောင်းရွှေ့ကြေး ရရှိမှသာ အသင်းမှ ထွက်ခွာခွင့်ပြုမည့်အနေအထား ရှိနေသည်။ 

အူဘာမီယန်းသည် ဆော်ဒီကလပ်များ၏ကမ်းလှမ်းမှု ရရှိခဲ့သော်လည်း ဥရောပဘောလုံးလောကတွင် ဆက်လက်ကစားလိုသဖြင့် မာဆေးလ်အသင်းသို့သာ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments