Monday, September 29, 2025
spot_img
spot_img

မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမည်မဟုတ်ဟု အလန်ရှီးယား ခန့်မှန်း

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် အလန်ရှီးယားက မန်ယူအသင်းအနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရမည်မထင်ကြောင်း ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်သမိုင်းတွင် ဂိုးသွင်းအများဆုံးဖြစ်သူ အလန်ရှီးယားက မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်မည်ဖြစ်ပြီး လီဗာပူးလ်၊ စပါးနှင့် အာဆင်နယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဟု ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။

”မန်စီးတီး၊ လီဗာပူးလ်၊ စပါးတို့နဲ့အတူ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့်အသင်းက အာဆင်နယ်လို့ ကျွန်တော် ထင်ပါတယ်။ မန်ယူနဲ့ ချယ်လ်ဆီးတို့ကတော့ မဖြစ်နိုင်ပါဘူး။ အာဆင်နယ်အသင်းက သူတို့ထက် ပိုသာပါတယ်”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments