Monday, October 20, 2025
spot_img
spot_img

မန်ယူအသင်း ခေါ်ယူရန်ပစ်မှတ်ထားနေသည့် မက္ကဆီကိုအသင်းခေါင်းဆောင် အက်ဒ်ဆန်အယ်လ်ဗာရက်ဇ် ကိုပါအမေရိကအုပ်စုအဖွင့်ပွဲတွင် ဒဏ်ရာရရှိ

မန်ယူအသင်း ခေါ်ယူရန် ပစ်မှတ်ထားနေသော မက္ကဆီကိုအသင်းခေါင်းဆောင် အက်ဒ်ဆန်အယ်လ်ဗာရက်ဇ်သည် ဂျမေကာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ကိုပါအမေရိကပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အက်ဒ်ဆန်အယ်လ်ဗာရက်ဇ် (၂၆ နှစ်)သည် ၂၀၁၇ ခုနှစ်တွင် မက္ကဆီကိုလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံရသူဖြစ်ပြီး လက်ရှိကိုပါအမေရိကပြိုင်ပွဲဝင် မက္ကဆီကိုအသင်း၌ ပွဲအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်းဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့်ရာသီကမှ အေဂျက်စ်မှ ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းသစ်တွင် အလျင်အမြန်အထိုင်ကျကာ ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် မန်ယူအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။

ဝက်စ်ဟမ်းအသင်းသည် ဒက်ကလန်ရိုက်စ်ကို အာဆင်နယ်အသင်းထံ ရောင်းထုတ်ခဲ့ရသည့်အတွက် အက်ဒ်ဆန်အယ်လ်ဗာရက်ဇ်ကို ခေါ်ယူအစားထိုးခဲ့ခြင်းဖြစ်ပြီး မန်ယူအသင်း စိတ်ဝင်စားလာချိန်၌ ယူရိုသန်း(၆၀)နှင့် (၈၀)ကြားရရှိမှသာ ပြန်လည်ရောင်းချမည်ဟု ဈေးနှုန်းသတ်မှတ်ခဲ့ကြောင်း သိရသည်။

ယင်းအခြေအနေတွင် ကိုပါအမေရိကပြိုင်ပွဲ၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အလွန်နာကျင်သည့်ပုံစံဖြင့် ကွင်းအတွင်းမှ ထွက်ခွာခဲ့ခြင်းကြောင့် ဒဏ်ရာပြင်းထန်ဖွယ်ရှိကြောင်း သုံးသပ်နေကြသည်။

မီဒီယာများက ၎င်းအနေဖြင့် ဘယ်ဘက်တံကောက် ကြောဒဏ်ရာရရှိသွားသည်ဟု ခန့်မှန်းထားပြီး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ဒဏ်ရာအခြေအနေကို သိရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အက်ဒ်ဆန်အယ်လ်ဗာရက်ဇ်သည် ဂျမေကာနှင့် ပွဲအကြိုပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မန်ယူအသင်းနှင့်ပတ်သက်သည့်မေးမြန်းမှုကို လက်ရှိအချိန်၌ ကိုပါအမေရိက ပြိုင်ပွဲအကြောင်းသာ အာရုံစိုက်ထားကြောင်း တုံ့ပြန်ခဲ့သူဖြစ်သည်။

မက္ကဆီကိုနည်းပြ လိုဇာနိုက အက်ဒ်ဆန်၏ ဒဏ်ရာအခြေအနေကို စောင့်ကြည့်ရမည်ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments