Wednesday, October 22, 2025
spot_img
spot_img

မန်ယူအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်အတွက် သဘောတူညီမှုရရန် မလွယ်ကူကြောင်း အသင်းနည်းပြ တန်ဟက်ဂ် ဝန်ခံ

မန်ယူနည်းပြ တန်ဟက်ဂ်က အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်အတွက် သဘောတူညီမှုရရန် မလွယ်ကူကြောင်း ဝန်ခံပြောကြားခဲ့သည်။

တန်ဟက်ဂ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းကို ပရီးမီးယားလိဂ်တွင် အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုအဖြစ် အဆင့်(၈)သာရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သော်လည်း FA ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

မန်ယူအသင်းသည် FA ဖလား ရရှိခြင်းကြောင့် လာမည့် ၂၀၂၄-၂၅ ရာသီတွင် ယူရိုပါလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ မန်ယူအသင်း၏ရှယ်ယာရှင်သစ်ဖြစ်သည့် ရက်ကလစ်ဖ်နှင့်အဖွဲ့သည် ရာသီအပြီးတွင် သုံးသပ်မှုများပြုလုပ်ခဲ့ပြီး တန်ဟက်ဂ်ကို အသင်းနည်းပြအဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မန်ယူအသင်းအနေဖြင့် တန်ဟက်ဂ်ကို စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ သို့သော် တန်ဟက်ဂ်က စာချုပ်သစ်အတွက် အသင်းနှင့်သဘောတူညီမှု မရသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တန်ဟက်ဂ်က “မန်ယူအသင်းနဲ့ ကျွန်တော်တို့က စာချုပ်သစ်အတွက် သဘောတူညီမှုတွေရရှိဖို့ အဖြေရှာ နေတုန်းပါပဲ။ တစ်ဖက်နဲ့ တစ်ဖက်သဘောတူညီမှုရဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ စာချုပ်အတွက် တွေ့ ဆုံဆွေးနွေးမှုတွေ ပြုလုပ်ရဦးမှာပါ” ဟု ပြောကြားခဲ့သည်။ မန်ယူအသင်းနှင့် ချုပ်ဆိုထားသည့် တန်ဟက်ဂ်၏ လက်ရှိစာချုပ်မှာ ၂၀၂၅ ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments