Saturday, September 13, 2025
spot_img
spot_img

မန်ယူသို့ အူဂတ် ပြောင်းရွှေ့တော့မှာလား?

မန်ယူအသင်းဟာ ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ) ရဲ့ကွင်းလယ်ကြယ်ပွင့် Manuel Ugarte (မြန်မာတွင် ‘အူဂတ်’ဟု လူသိများသော ‘မာနူရယ် အူဂတ်တယ်’) ကိုခေါ်ယူဖို့ ကြိုးပမ်းရာမှာ မျှော်လင့်ချက်ရောင်ခြည်သမ်းမှုအဖြစ် အပြောင်းအရွှေ့ရာသီ နောက်ဆုံးသီတင်းပတ်တွေအတွင်း အခွင့်အရေးရရှိလာခဲ့ပြီလို့ သိရပါတယ်။

လီဂူး၁ ရာသီရဲ့ အဖွင့်အပတ်မှာ လီဟာဗရီအသင်းနဲ့ ကန်ခဲ့ ပီအက်စ်ဂျီရဲ့ကစားသမားစာရင်းမှာ ခံစစ်ကစားသမား အူဂတ်ကို မထည့်သွင်းခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

အူဂတ်က အဆိုပါလီဟာဗရီနဲ့ လီဂူး-၁ ပွဲမှာ လူစာရင်းမှ ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး မန်ယူကလည်း ခံစစ်ကွင်းလယ်ကစားသမားတစ်ဦးကို ရှာဖွေနေဆဲဖြစ်တာကြောင့် မန်ယူသို့ ပြောင်းရွှေ့မှု ပြန်လည်ရှင်သန်လာနိုင်ဖွယ်ရှိခြင်းနဲ့ပတ်သက်လို့ ထင်ကြေးပေးမှုတွေ မြင့်တက်လာပါတယ်။

ကွင်းလယ်ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေဆဲဖြစ်ပြီး မန်ယူအကြီးအကဲ ဒန်အက်ရှ်ဝေါ့သ်ကလည်း ခေါ်ယူရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

အူဂတ်အတွက် မန်ယူရဲ့ နောက်ဆုံးကမ်းလှမ်းမှုက ပေါင်သန်း ၄၀ ဝန်းကျင်ရှိပြီး ပီအက်စ်ဂျီက ပေါင်သန်း ၅၀ ဝန်းကျင်အလိုရှိခဲ့တာ ဖြစ်ပါတယ်။

မည်သို့ဆိုစေကာမူ အထူးသဖြင့် အမ်ရာဘတ် ထွက်ခွာသွားပြီးနောက် မန်ယူအသင်းသို့ နောက်ထပ် ခံစစ်ကွင်းလယ်ကစားသမား ရောက်ရှိလာရန် လိုအပ်နေကာတော့ သံသယဖြစ်ဖွယ်မရှိကြောင်း တင်ပြလိုက်ရပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments