Sunday, October 19, 2025
spot_img
spot_img

မန်ယူခံစစ်မှူး မက်ဂွိုင်းယားကို ဝက်စ်ဟမ်းခေါ်ယူလို

ဒက်ကလန်ရိုက်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၁၀၅ သန်းဖြင့်‌ ရောင်းထုတ်လိုက်ပြီးနောက် ဝက်စ်ဟမ်းအသင်းသည် မန်ယူအသင်းခေါင်းဆောင် နောက်တန်းခံစစ်မှူး မက်ဂွိုင်းယားကို ခေါ်ယူရန် စတင်လှုပ်ရှားလာသည်။

ဝက်စ်ဟမ်းအသင်းမန်နေဂျာ မိုယေးစ်သည် မက်ဂွိုင်းယား၏ ခြေစွမ်းကို နှစ်သက်သူဖြစ်ပြီး အိုးထရက်ဖို့တွင် ရုန်းကန်နေရသော အသက် ၃၀ နှစ်အရွယ်ရှိ အင်္ဂလန်ခံစစ်မှူးသည် ဝက်စ်ဟမ်း၏ ကစားကွက်တွင် အံဝင်ပြီး ၎င်း၏ ကစားသမားဘဝ ပြန်လည် တောက်ပလာနိုင်မည်ဟု မိုယေးစ်က ယူဆနေသည်။

လက်စတာမှ ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ ဖြင့်ခေါ်ယူခဲ့ရသော မက်ဂွိုင်းယားကို ပေါင်သန်း ၄၀ ခန့်ရလျှင် မန်ယူက အသင်းပြောင်းရွှေ့ခွင့်ပေးဖွယ်ရှိသည်။ မက်ဂွိုင်းယားသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments