မန်ယူနည်းပြ တန်ဟက်ဂ်က အသင်းကို အရင်လိုအောင်မြင်မှုများ ရယူပေးလိုကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ၂၀၁၃ တွင် ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် ထွက်ခွာပြီးနောက် အောင်မြင်မှုရရန် ရုန်းကန်ခဲ့ရပြီး (၉)ရာသီအတွင်း ယူရိုပါလိဂ်၊ FA ဖလား၊ လိဂ်ဖလားနှင့် ကွန်မြူနတီဒိုင်းတို့ကိုသာ ရယူနိုင်ခဲ့သည်။

ထို့ကြောင့် ယင်း (၉) ရာသီအတွင်း နည်းပြများစွာ ပြောင်းလဲခဲ့ပြီး တန်ဟက်ဂ်သည် စတင်ကိုင်တွယ်သည့်ရာသီမှာပင် မန်ယူအသင်းကို လိဂ်ဖလားဗိုလ်လုပွဲ ပို့ဆောင်ပေးထားသည်။
တန်ဟက်ဂ်က ”မန်ယူကို စိန်ခေါ်မှုတွေ ရင်ဆိုင်ချင်လို့ လာတာပါ။ အသင်းကို အရင်လိုအောင်မြင်မှုတွေရရှိအောင် ကျွန်တော် စွမ်းဆောင်ပေးချင်ပါတယ်”ဟု ပြောကြားခဲ့သည်။






