Sunday, October 26, 2025
spot_img
spot_img

မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ်နောက်ဆုံးပွဲနှင့် FA ဖလားဗိုလ်လုပွဲကို ဂိုးသမား အီဒါဆန် လွဲချော်မည်

မန်စီးတီးအသင်း၏ ဂိုးသမား အီဒါဆန်သည် ရာသီပိတ်ပွဲစဉ်နှစ်ပွဲဖြစ်သော ပရီးမီးယားလိဂ်နောက်ဆုံးပွဲနှင့် FA ဖလားဗိုလ်လုပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

ဘရာဇီးလ်ဂိုးသမား အီဒါဆန်သည် စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် မျက်လုံးဒဏ်ရာ ရရှိခဲ့ပြီး အဆိုပါဒဏ်ရာမှာ သက်သာခြင်းမရှိသည့်အတွက် လက်ကျန်နှစ်ပွဲစလုံးကို လွဲချော်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဒုတိယနေရာမှ အာဆင်နယ်အသင်းကို (၂)မှတ်ဖြတ်ထားနိုင်သည့်အတွက် ချန်ပီယံဆုရရှိရန် အလားအလာများနေသော်လည်း  နောက်ဆုံးပွဲတွင် အိမ်ကွင်း၌ ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိ အောင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

FA ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့ ရောက်ရှိနေပြီး မေ(၂၅)၌ မြို့ခံပြိုင်ဘက် မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အီဒါဆန်သည် ဆုဖလားနှစ်လုံးအတွက် အဆုံးအဖြတ်ဖြစ်သည့် အဆိုပါပွဲစဉ်နှစ်ပွဲစလုံးကို လွဲချော်ရမည်ဖြစ်ပြီး စပါးနှင့်ပွဲ၌ လူစားဝင်ကစားခဲ့သည့် ဂျာမနီဂိုးသမား အော်တေဂါပင် တာဝန်ယူရဖွယ်ရှိကြောင်း သိရသည်။

မန်စီးတီးအသင်းက အီဒါဆန်သည် စပါးနှင့်ပွဲတွင် ရရှိခဲ့သည့် ညာဘက်မျက်လုံးအိမ် ထိခိုက်မိသောဒဏ်ရာကြောင့် ရာသီလက်ကျန်ပွဲများကို ကစားနိုင်တော့မည်မဟုတ်ကြောင်းနှင့် အမြန်ဆုံးသက်သာပျောက်ကင်းစေရန် အားလုံးက ဆန္ဒပြုနေကြောင်း အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments