Wednesday, October 29, 2025
spot_img
spot_img

မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးထားခြင်းမရှိကြောင်း ဖွင့်ဟပြောကြားလာတဲ့ ဒီဘရိုင်း

မန်ချက်စတာစီးတီးကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းဟာ ယခုရာသီအကုန်မှာပဲ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့် လောလောဆယ်မှာတော့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ထားခြင်းမရှိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်းနဲ့ ၁၀ နှစ်ကြာလက်တွဲခဲ့ပြီးဖြစ်တာကြောင့် အီတီဟတ်ကနေထွက်ခွာပြီး အသင်းသစ်ကိုရှာဖွေဖို့ အချိန်တန်နေပြီလို့လည်းယူဆခံထားရပါတယ်။ တိုက်စစ်မှူး အာလင်းဟာလန်းကတော့ မကြာသေးမီကပဲ အသင်းနဲ့ ၁၀ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုထားကာ ၂၀၃၄ ခုနှစ်အထိ နေထိုင်သွားမှာဖြစ်တာကြောင့် မန်စီးတီးအနေနဲ့ ယခုအခါမှာ ဒီဘရိုင်းရဲ့စာချုပ်ဘက်ကို အာရုံစိုက်လာဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂ ရာသီအတွင်း တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီး ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတဲ့ ဒီဘရိုင်းဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ပွဲသာ ပါဝင်ကစားခွင့်ရထားတာဖြစ်ပါတယ်။ အသက်-၃၃ နှစ်အရွယ်ကစားသမားကို ဆော်ဒီပရိုလိဂ်ကလပ်တွေကလည်း စောင့်ကြည့်နေကြတာကြောင့် ယခုဇန်နဝါရီအပြောင်းအရွှေ့မှာပဲ မန်စီးတီးကနေ ထွက်ခွာနိုင်ချေရှိတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။

Kevin De Bruyne reveals no talks over new deal with City

ပြီးခဲ့တဲ့အပတ်မှာ နည်းပြကြီး ပက်ဂွါဒီယိုလာက ဒီဘရိုင်းအနေနဲ့ ဟာလန်းရဲ့လမ်းစဉ်ကိုလိုက်ပြီး မန်စီးတီးနဲ့စာချုပ်သက်တမ်းတိုးမယ်လို့ မျှော်လင့်ကြောင်းပြောကြားထားခဲ့ပါတယ်။ သို့သော်လည်း ယခုအခါမှာ ကွင်းလယ်ဖန်တီးရှင်က “လောလောဆယ်မှာတော့ စာချုပ်သက်တမ်းတိုးမယ့်အကြောင်း ပြောထားတာမျိုးမရှိပါဘူး။ ကျွန်တော့်အနေနဲ့ အခုထက်ပိုပိုပြီး ကောင်းလာဖို့ပဲ အာရုံစိုက်ထားပါတယ်။ တစ်ခုခုတော့ ဖြစ်လာမှာပါ။ ကျွန်တော့်အနေနဲ့ အခုချိန်မှာ ဘယ်အသင်းကိုပဲသွားသွား ၁၀ နှစ်စာချုပ်ကိုတော့ ရနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် မန်စီးတီးနဲ့ ၁၀ နှစ်စာချုပ်မချုပ်နိုင်လည်း စိတ်ဖိစီးမှု မရှိပါဘူး” လို့ပြောကြားခဲ့ပါတယ်။

ဒီဘရိုင်းအနေနဲ့ ယခုရာသီမှာ မန်စီးတီးအတွက် ပရီးမီးယားလိဂ် ၁၅ ပွဲသာကစားထားရသေးပေမယ့် ၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ မန်စီးတီးဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီဘရိုင်းတစ်ယောက် ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာဖို့ရှိနေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments