Friday, November 7, 2025
spot_img
spot_img

မန်စီးတီးတို့ သတိထားရမယ့် အင်တာမီလန် စတား ၃ဦးရဲ့ အမည်ကို ထုတ်ဖော်လိုက်တဲ့ အဂွဲရိုး

မနေ့ကပဲ ယခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဆင်နွှဲဖို့ မန်စီးတီးနဲ့ အင်တာမီလန် ကစားသမားတွေ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့သို့ လေယာဉ်နဲ့ အသီးသီး ဆိုက်ရောက်ခဲ့ကြပါတယ် ။ မနက်ဖြန်ညမှာတော့ ဒီ၂သင်း ရာသီ အပိတ်ကောင်းဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ် ။

ဒီပွဲမှာ ၂ဖက်အသင်းရဲ့ နည်းစနစ် အခင်းအကျင်း ဘယ်လိုရှိလာမလဲ ဆိုတာ ဥရောပ ဘောလုံး ပရိသတ်တွေ အခုကတည်းက သိနားလည်ကြမှာ သေချာပါတယ် ။ မန်စီးတီးဟာ သူတို့ရဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေး total football နဲ့ အင်တာကို ဖိဖိစီးစီး ထိုးဖောက်မှာ ဖြစ်ပြီး ၊ အင်တာကတော့ စီးရီးအေမှာ အတိုင်းအတာ တခုအထိ လွှမ်းမိုးမှု ရှိသည့်တိုင် ၊ မန်စီးတီးကိုတော့ သူတင်ကိုယ်တင် ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး ။

ဒီအတွက်ကြောင့် လက်ရှိ ကိုပါအီတာလီယာချန်ပီယံတို့ဟာ ခံစစ်ကို အရင်ဆုံး ကျစ်လျစ်အောင် တည်ဆောက်ပြီးမှ တန်ပြန်တိုက်စစ်တွေကနေ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ မန်စီးတီးကို ရသလောက် ဒုက္ခပေးနိုင်ဖို့ ကြိုးစားဖို့ ရှိပါတယ် ။

ဒါ့အပြင် အင်တာမှာ တိုက်စစ် ကစားသမားကောင်း အချို့ ရှိတာကို သတိထားမိဖို့ လိုပြီး ၊ မန်စီးတီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ဆာဂျီယို အဂွဲရိုးကလည်း နောက်ပိုင်းမှာ အတွဲ ပိုမိလာတဲ့ လော်တရို မာတီနက်ဇ်နဲ့ ရိုမီလူ လူကာကူတို့ဟာ ဥရောပရဲ့ အကောင်းဆုံး တိ်ုက်စစ်အတွဲ တခု ဖြစ်ကြောင်း ချီးကျူးသွားပါတယ် ။

Stake ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ အဂွဲရိုး က ” အင်တာမှာ ကြီးကျယ်တဲ့ တိုက်စစ် ကစားသမားတွေ ရှိပါတယ် ။ ကျွန်တော်တို့ဟာ အီဒင် ဂျက်ကို အကြောင်း ပြောနေကြတာပါ ။ ဒါပေမယ့် ကျွန်တော်တို့ဟာ လော်တရို မာတီနက်ဇ် အကြောင်းလည်း ပြောကိုပြောရပါမယ် ။ ”

” သူဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား အပြီး ကြုံတွေ့ခဲ့ရတဲ့ ကြံ့ခိုင်မှု ပြဿနာတွေကို ကျော်ဖြတ်လာခဲ့တာပါ ။ သူဟာ ဒီအီတလီကလပ် အတွက် သော့ချက်ကျတဲ့ ကစားသမား တယောက် ဖြစ်နေတာ ကြာပါပြီ ။ အဲဒီနေရာမှာ ကျွန်တော်တို့ဟာ ရိုမီလူ လူကာကူကို ထပ်ပေါင်းထည့်လိုက်ရင် သူတို့မှာ ရှိတဲ့ ပါဝါကို မြင်တွေ့ရပါလိမ့်မယ် ။ ”

” လူကာကူဟာ တွန်းတွန်းတိုက်တိုက် ကစားတဲ့ နေရာမှာ အရည်အသွေး အများကြီး ယူဆောင်လာပေးပါတယ် ။ သူဟာ ဘောလုံး ထိန်းပုံ အရမ်းကောင်းသလို ၊ ဂိုးသွင်း အဆုံးသတ်လည်း သေချာပါတယ် ။ သူဟာ အသင်းဖော်တွေ နေရာလွတ် ရအောင်လည်း ဖန်တီးပေးနိုင်ပါတယ် ။ အတိုချုံး ပြောရရင် အင်တာဟာ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်ပါဝါ တခုကို ပိုင်ဆိုင်ထားတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ အင်တာဟာ အသက် ၃၇နှစ် အရွယ်ရှိ ဘော့စနီးယား ဝါရင့်တိုက်စစ်မှူး အီဒင် ဂျက်ကိုကို အားထားနေရဆဲ ဖြစ်ပြီး ၊ ၄င်းဟာ ဒီင်္ရာသီ ပြိုင်ပွဲစုံမှာ လူကာကူထက်ပင် ပွဲကစားခွင့် ပိုရထားကာ ပိုလည်း အသုံးဝင်နေတယ် ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ် ။ အဂွဲရိုးက သူနဲ့ အတူ မန်ချက်စတာမှာ ၄နှစ်ကြာ အတူတွဲကစားခဲ့ဖူးတဲ့ ဂျက်ကိုကိုလည်း စီးတီးတို့ သတိထားရမှာ ဖြစ်ကြောင်း သတိပေးသွားခဲ့ပါတယ် ။

အဂွဲရိုး က ” ဒီနေ့ ဒီအချိန်အထိ သူဟာ အန္တရာယ်ရှိတဲ့ ကစားသမား တယောက် အဖြစ် ဆက်ရှိနေဆဲပါ ။ သူဟာ ဘယ်အချိန်မဆို ဂိုးသွင်းပေးဆဲပါပဲ ။ ဒီတော့ အင်တာမှာ သူ ဘောလုံးရာသီကောင်း တခု ဖြတ်သန်းနေတာ မယုံနိုင်စရာ မရှိပါဘူး ။ ”

” သူဟာ အမြဲတမ်း စိတ်ဓာတ်ပြင်းပြပါတယ် ။ သူဟာ အင်တာရဲ့ passing ပုံဖော်မှုမှာ အရမ်း အရေးပါလာပါလိမ့်မယ် ။ သူဟာ စီးတီးတို့ အနေနဲ့ အထူး သတိထားရမယ့် ကစားသမား တဦး ဖြစ်လာမယ် ဆိုတာ သေချာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments