Thursday, March 12, 2026
spot_img
spot_img

မန်ချက်စတာ ယူနိုက်တက်ဆီ အငှား ပြောင်းရွှေ့ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ ဂျက်ဘတ်လန်း

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင််းဟာ မကြာသေးခင်ကပဲ ခရစ္စတယ် ပဲ​လေ့စ် အသင်းရဲ့ ဂိုးသမား ဖြစ်သူ ဂျက် ဘတ်လန်း ကို ရာသီကုန် အထိ အငှား ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေငြာခဲ့တာပဲ ဖြစ်ပါတယ် ။

ဂျက် ဘတ်လန်း ဟာ လက်ချောင်းအက်တဲ့ ဒဏ်ရာကို ရရှိနေခဲ့တဲ့အတွက် ဒီရာသီ ခရစ္စတယ် ပဲလေ့စ် အသင်းရဲ့ ပွဲစဥ်တွေကို ကစားခွင့် လွဲချော်ခဲ့ရပါတယ် ။ ဒါပေမဲ့ သူဟာ ဒဏ်ရာ ပြဿနာမှ သက်သာ ပျောက်ကင်းသွားခဲ့တဲ့နောက်လည်း ပွဲထွက်ခွင့်မရပဲ အရန်ခုံထိုင်နေခဲ့ရပါတယ် ။

အခုတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရာသီကုန်အထိ ကစားပေးဖို့ အငှားနဲ့ ရောက်လာခဲ့ပါပြီ ။ ယူနိုက်တက် ကစားသမား ဖြစ်လာခဲ့တဲ့ ဂျက် ဘတ်လန်း က ဒီအသင်းဟာ အံ့ဖွယ် အသင်း ဖြစ်ကြောင်း ၊ ဒီလို အသင်းအတွက် ကိုယ်စားပြုရမှာကို ဂုဏ်ယူမိကြောင််း ထုတ်ဖော် ပြောကြားခဲ့လိုက်ပါတယ် ။

” ဒါဟာ အံ့ဖွယ် ကလပ် အသင်း ဖြစ်သလို ကျွန်တော် ကိုယ်စားပြု ကစားပေးရဖို့ ဂုဏ်ယူမိတဲ့ ကလပ် အသင်းလည်း ဖြစ်ပါတယ် ။ ကျွန်တော်ကတော့ မယုံကြည်နိုင်လောက်ဖွယ် ထူးကဲတဲ့ ဂိုးအဖွဲ့ဝင်တွေနဲ့အတူ အလုပ်တွေ လက်တွဲလုပ်နိုင်ဖို့ ရှေးရှုနေပါတယ် ”

” အကောင်းဆုံး လေ့ကျင့်ရေးအစီအစဥ်တွေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် အကူအညီတွေ ပေးဆောင်သွားကြမှာပါ ။ ကျွန်တော်တို့ဟာ အသင်းအဖွဲ့ အတွက်ချည်း ဦးစားပေးရင်းနဲ့ ကစားသွားကြမှာပါ ”

” ကျွန်တော်ဟာ ဒီဂီယာနဲ့ ပြိုင်ဖက်အဖြစ်နဲ့ ရင်ဆိုင်ခဲ့ဖူးသလို တွမ်ဟီတန်နဲ့လည်း အင်္ဂလန် လက်ရွေးစင် အသင်းမှာ အတူကစားခဲ့ဖူးပါတယ် ။ သူတို့တွေက ထိပ်တန်း အဆင့် ဂိုးသမားကောင်းတွေချည်းပါပဲ ။ ကျွန်တော် သူတို့နဲ့ ယှဥ်ပြိုင်ရင်း အသင်းဖော်အဖြစ် ထောက်ခံအားပေးသွားမှာပါ ”

” ဒီအစုအဖွဲ့ အနေနဲ့ ဒီရာသီမှာ ရယူဆွတ်ခူးနိုင်တဲ့အရာတွေ အများကြီး ရှိနေပါတယ် ။ အဲ့ဒီ ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ဖို့ ကျွန်တော် စိတ်လှုပ်ရှားနေပါပြီ ” လို့ ဂျက် ဘတ်လန်း က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ဂျက် ဘတ်လန်း ကို ခေါ်ယူထားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆောင်းရာသီရဲ့ ဒုတိယမြောက် ခေါ်ယူမှုကို ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေပြီး တိုက််စစ် ကစားသမား တစ်ဦး ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments