မနေ့ညက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချဲလ်ဆီး ကွင်းလယ်လူ မေဆွန်မောင့် ကို ပေါင် 55 သန်း + အပိုဆုကြေး ပေါင် 5 သန်း နဲ့ ခေါ်ယူဖို့ ပြိုင်ဖက် အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိခဲ့ရပါတယ် ။
အဆိုပါသတင်းတွေမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းဖက်မှ မေဆွန်မောင့် ကို 5 နှစ် စာချုပ် + 1 နှစ် စာချုပ်် သက်တမ်း တိုးခွင့် နဲ့ ခေါ်ယူဖို့ သဘော တူညီမှု ရရှိခဲ့တာလို့ပါ သိခဲ့ရပါတယ် ။

ဒါ့အပြင် ယူနိုက်တက်တို့ဟာ အင်္ဂလန်သားကစားသမား ကို တစ်ပါတ် ပေါင် 250,000 အထိ ပေးချေဖို့ ရှိနေတယ်လို့ပါ သိခဲ့ရပါတယ် ။ ဒါပေမဲ့ သူ့ရဲ့ လစာငွေဟာ အဲ့ဒီ ပမာဏ နဲ့ ရပ်တန့် သွားဖို့ ရှိမနေပါဘူး ။
ယူနိုက်တက် နဲ့ သဘောတူညီမှုထဲမှာ ကစားသမား ဖြစ်သူဟာ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ဘောနပ်စ်တွေပါ ရရှိသွားဖို့ ရှိနေပါသေးတယ် ။ ဒါ့ကြောင့် သူ့ရဲ့ လစာငွေဟာ တစ်ပါတ် ပေါင် 3 သိန်းအထိ ဖြစ်သွားဖို့ ရှိနေပါတယ် ။
တကယ်တမ်းမှာတော့ ချဲလ်ဆီး အသင်းနဲ့ စာချုပ်သက်တမ််း တစ်နှစ်သာကျန်ရှိတော့တဲ့ ကစားသမား ဖြစ်သူဟာ စတမ်းဖို့ဒ် ဘရစ်ချ် မှာ တစ်ပါတ် ပေါင် 80,000 သာ ရရှိသူ ဖြစ်ခဲ့ရပါတယ် ။

အခုတော့ ကစားသမား ဖြစ်သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ခြင်းနဲ့ အတူ လစာငွေ 4 ဆ အထိ တိုးသွားဖို့ ရှိနေပါတယ် ။ ဒါဟာ ကစားသမား အတွက်တော့ စပါယ်ရှယ် လစာငွေပါပဲ ။
ချဲလ်ဆီး အသင်းဆီ အသက် 6 နှစ် အရွယ် ကတည်းက ရောက်လာခဲ့တဲ့ မေဆွန်မောင့် ဟာ စီနီယာ အသင်းအတွက်် ပြိုင်ပွဲစုံ 195 ပွဲ အထိ ကစားပေးထားခဲ့သူ ဖြစ်ပြီး ချန်ပီိယံလိဂ် ၊ UEFA စူပါ ဖလားနဲ့ ကလပ် ကမ္ဘာ့ ဖလားတို့ကို ဆွတ်ခူးပေးထားနိုင်ခဲ့ပါတယ် ။
မေဆွန်မောင့် ဟာ ချဲလ်ဆီး အသင်းရဲ့ တစ်နှစ်တာ အကောင််းဆုံး ကစားသမားဆု ဆွတ်ခူးနိုင်ခဲ့တဲ့ 2020-2021 ၊ 2021-22 ရာသီတွေ ကတည်းက လစာငွေ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ချဲလ်ဆီး အသင်းဖက်မှ ငြင်းဆန်ခဲ့တာကြောင့် တစ်ပါတ် ပေါင် 80,000 နဲ့ပဲ ကျေနပ်ခဲ့ရပါတယ် ။






